ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၀ ရက်

ဥရောပသမဂ္ဂဟာ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်း မြှင့်တင်ဖို့ ထိန်းချုပ်ထားတဲ့ ရုရှားပိုင် ဆိုင်မှုတွေကနေ ယူရို သန်း ၄၀၀ ကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါရန်ပုံငွေကို Bohdana ဟောင်ဝှစ်ဇာအမြောက် ၁၈ လက် ဝယ်ယူရာမှာ သုံးစွဲခဲ့တယ်လို့ ယူကရိန်းနိုင်ငံဆိုင်ရာ ဉရောပသမဂ္ဂ သံအမတ်ကြီး ကတ်တာရီနာမာနိုဗာက ကြေညာခဲ့ပါတယ်။

ဥရောပမူဝါဒမှာ သိသာသော အပြောင်းအလဲရှိလာခဲ့ပြီး ရန်ပုံငွေပမာဏကို ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍသို့ တိုက်ရိုက် လွှဲပြောင်းပေးခဲ့တာလို့ သူက ဆိုပါတယ်။

“ဒီရန်ပုံငွေဟာ ယူကရိန်းရဲ့စီးပွားရေးကို အထောက်အကူပြုပြီး ဒိန်းမတ်နိုင်ငံက ဉီးဆောင်ကာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ရန်ပုံငွေကို ခွဲဝေသတ်မှတ်ခဲ့တာပါ” လို့ အင်တာဖတ်သတင်း ဌာနဲ့ အင်တာဗျူးမှာ ၎င်းက ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ပြည်တွင်း စစ်လက်နက်ထုတ်လုပ်မှု မြှင့်တင်ဖို့ ထပ်တိုး ငွေကြေးထောက်ပံ့မှု ပြုလုပ်သွားမယ်လို့ ကတ်တာရီနာမာနိုဗာက အတည်ပြုပါတယ်။

ကာကွယ်ရေးဆိုင်ရာ ဥရောပကော်မရှင်နာမင်းကြီး ရာထူးနေရာအတွက် လစ်သူယေးနီးယားနိုင် ငံသား အန်ဒရီးယပ်စ်ကူဘီလီးယက်စ်ကို ၎င်းက အဆိုပြုလိုက်ပါတယ်။

အန်ဒရီးယပ်စ်ကူဘီလီးယက်စ်ဟာ ယူကရိန်းနိုင်ငံရဲ့ မိတ်ဆွေကောင်းတစ်ဉီးဖြစ်တာကြောင့် ၎င်းက ကာကွယ်ရေးနယ်ပယ်မှာ ယူကရိန်းနဲ့ ဉရောပသမဂ္ဂကြား နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ်လို့ သူက မျှော်လင့်ပါတယ်။

ကိုးကား – UAWIRE
Ref; EU transfers €400 million from frozen Russian assets to Ukraine, funding 18 new Bohdana howitzers
#Ayeyarwaddy_Times