ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

မြန်မာစစ်ကောင်စီဟာ အတိုက်အခံတွေကို ဖိနှိပ်ဖို့နဲ့ စစ်သားစုဆောင်းဖို့ သတ်ဖြတ်မှုတွေ၊ ဖမ်း ဆီးမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်းမှုနောက်ပိုင်း ထောင်နဲ့ချီသောပြည်သူတွေကို ထိန်း သိမ်းခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက စက်တင်ဘာလ ၁၇ ရက်မှာ ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၅၃၅၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ရာနဲ့ချီ သော ဘေးသင့်သူတွေ၊ မျက်မြင်တွေနဲ့ အင်တာဗျူးတွေကို အခြေခံပြီ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

ပြည်သူ ၂၄၁၄ ဦးဟာ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြတဲ့ကာလ ၂၀၂၃ ခုနှစ် ဧပြီလနဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ယခင်အစီရင်ခံတဲ့ကာလထက် သေဆုံးမှု ၅၀ ရာခိုင်နှုန်း တိုး လာခဲ့ပါတယ်။

နောက်ဆုံးအကြိမ် အစီရင်ခံတဲ့ကာလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ လူ ၉၀၀၀ ကျော် အပါအဝင် အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း လူပေါင်း ၂၇၄၀၀ နီးပါး ထိန်းသိမ်းခံခဲ့ရကာ အများစုကို စစ် သင်တန်းကျောင်းတွေကို ပို့ဆောင်ခဲ့တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရသူတွေထဲမှာ နိုင်ငံရေးအတိုက်အခံတွေကို ဖိနှိပ်မှုပုံစံတစ်ခုအဖြစ် မိဘတွေမရှိတော့တဲ့ ကလေးငယ်တွေကို ခေါ်ဆောင်တာပါဝင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ထိန်းသိမ်းခံရသူတွေကို နှိပ်စက်မှုတွေထဲမှာ ရေနဲ့အစားအစာမပေးတာ၊ အကြောက်တရားသွတ် သွင်းဖို့ မြွေတွေ၊ ပိုးမွှားကောင်တွေ အသုံးပြုတာနဲ့ ဝါးတုပ်တွေနဲ့ ဆိုင်ကယ်ချိန်းကြိုးတွေနဲ့ ရိုက်နှက်တာ တွေ ပါဝင်တယ်လို့ အစီရင်ခံစာက အသေးစိတ်ဖော်ပြပါတယ်။

ကလေးငယ် ၈၈ ဦး အပါအဝင် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၁၈၅၃ ဦး စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ လစ်ဇ်ရိုဆဲလ်က ရှင်းလင်းပွဲတစ်ခု မှာ ပြောပါတယ်။

ကိုးကား – Reuters
Ref; Myanmar military intensifies civilian killings and arrests, says UN report