ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် မဘသ ဘုန်းကြီးနှင့် လူနှစ်ဦးက ကိုရင်တစ်ပါးကို ရိုက်နှက်နှ်ိပ်စက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့်ကိုရင်ကို ညှင်းပန်းနှိပ်စက်ပြီး ဆေးကုသခွင့်မပေးပဲ ဘုန်းကြီးကျောင်းအတွင်းထားရာ စက်တင်ဘာ ၁၈ ရက်နေ့က သေဆုံးခဲ့ကြောင်း ဖျာပုံဒေသခံများထံကသိရသည်။

ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ညိမ်းကျေးရွာ၊ သရက်တောကျောင်းတိုက်နေ ဘွဲ့အမည် ဦးဥက္ကဌနှင့်အတူ လူနှစ်ဦးက အသက် ၁၆ နှစ်ရှိ ကိုရင်တစ်ပါး နှိပ်စက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ဒဏ်ရာတွေက တစ်ကိုယ်လုံးပဲ၊ မတရားနှိပ်စက်ပြီး ရိုက်သတ်ကြတာ။ ဖုန်းခိုးလို့ဆိုပီး ရိုက်နှက်စစ်ဆေးတာ။ ရထားတဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးပဲ တစ်ပတ်ခန့်ကြာပြီးနောက်ပိုင်း လပြည့်ကျော်တစ်ရက်နေ့ မနေ့ကပေါ့ ကိုရင်လေးဆုံးသွားပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာက မဘသ ဘုန်းကြီးတွေအများစုနေထိုင်ကြတယ်”ဟု သရက်တောကျောင်းတိုက်နှင့် နီးတပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။

အဆိုပါ အသက် ၁၆ နှစ်ရှိ ကိုရင်တစ်ပါး သေဆုံးပြီးနောက် သရက်တောကျောင်းတိုက်ရှိ မဘသဘုန်းကြီး ဦးဥက္ကဌနှင့်အတူ လူနှစ်ဦးကို ဒေါ်ညိမ်းရဲစခန်းမှ စစ်ကောင်စီရဲတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသည့် ကိုရင်၏ မိသားစုဝင်များကိုလည်း အမှုပိတ်သိမ်း​ကျေအေးပေးရန် မဘသအုပ်စုများက ဖိအားပေးခြိမ်းခြောက်နေသည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် အသတ်ခံရသည့် ကိုရင်ရုပ်အလောင်းကို မိသားစုဝင်များထံပြန်မပေးဘဲ သရက်တောကျောင်းတိုက်အတွင်းဆက်လက်ထားရှိကြောင်း သိရသည်။

ထို့ပြင် သရက်တောကျောင်းတိုက်တွင် ကျန်ရှိနေသည့် ကိုရင်များက်ို မိသားစုဝင်များက လာရောက်ထုတ်ယူခွင့်တောင်းသော်လည်း အလွယ်တကူ ထုတ်ခွင့်မပေးကြောင်းလည်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-နှိပ်စက်သတ်ဖြတ်ခံရသည့်ကိုရင်

#ဖျာပုံ #မဘသဘုန်းကြီး #ဦးဥက္ကဌ #လူ၂ဦး #ကိုရင်တစ်ပါး #ရိုက်နှက်နှိပ်စက် #သေဆုံး #Ayeyarwaddy_Times

(သေဆုံးသည့်ရုပ်သံကို တယ်လီဂရန်တွင်ကြည့်ရှုနိုင်သည်)

https://t.me/ayeyarwaddytimes/31204