
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာဟာ ဒေသတွင်း ရေကြီးမှုအခြေအနေ လျှော့ နည်းစေမယ့် နည်းလမ်းတွေရှာဖွေဖို့ မြန်မာစစ်ကောင်စီ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါ တယ်။
ထိုင်းနဲ့မြန်မာနိုင်ငံတို့ဟာ ရေကြီးမှု သက်သာစေမယ့် မိုးရေခံရပ်ဝန်းတွေ တိုးချဲ့မယ့်နည်းလမ်း တွေ ရှာဖွေမယ်လို့ မာရစ်က ပြောပါတယ်။
မုန်တိုင်းနဲ့ ကုန်းပြင်မြင့်မှ သံလွင်မြစ်အတွင်းစီးဝင်တဲ့ရေကြောင့် မြန်မာနိုင်ငံဟာ ဆိုးရွားစွာ ရေ ဘေးသင့်ခဲ့နေတယ်လို့ သူက ဆိုပါတယ်။
မိုးရေခံရပ်ဝန်းတွေအဖြစ် ပြောင်းလဲနိုင်မယ့် သင့်တော်သောဧရိယာတွေကို သတ်မှတ်မယ့် နည်း ပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို နှစ်နိုင်ငံစလုံးမှ ဌာနတွေကဆွေးနွေးဖို့ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက လုပ်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိ ရေဘေးအခြေအနေက မဲခေါင်မြစ်တစ်လျှောက်ရှိ တိုင်းပြည်အားလုံးကို ဘေးသင့်စေပြီး မြန်မာနယ်စပ်မြို့ တာချီလိတ်မှာ နှစ် ၃၀ ကျော်အတွင်း အဆိုးရွား ရေဘေးသင့်ခဲ့ရတယ်လို့ သူက ပြော ပါတယ်။
ထိုင်းနဲ့မြန်မာ နှစ်ဖက်စလုံးမှာ အဆောက်အအုံတွေ ဆောက်လုပ်ခဲ့မှုက မြစ်ကြောင်းကျဉ်းစေခဲ့ ပြီး ရေစီးစနစ်ကို ဆိုးရွားစေခဲ့ပါတယ်။
ရေရှည်မှာ ရေကြီးမှုကို ကာကွယ်ဖို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်မှတစ် ဆင့် ရေအရင်းအမြစ် စီမံခန့်ခွဲရေး အဆိုပြုဖို့ ပြင်ဆင်နေတယ်လို့ မာရစ်က ပြောပါတယ်။
မီဒီယာတွေမှာ ဖော်ပြတဲ့အတိုင်း တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း ရေဖောက်ချခဲ့တာမရှိဘူးလို့ ဗန်ကောက်မြို့တော်ရှိ တရုတ်သံရုံးက မကြာသေးမီက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Maris in talks with Myanmar
#Ayeyarwaddy_Times