
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ ဗိုလ် သင်တန်းကျောင်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံ ရကြောင်း သိရသည်။
အဆိုပါ ဗိုလ်သင်တန်းကျောင်းကို ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီဝန်းကျင်က မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ၄၀ မမဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း Urban Special Operations (USO) အဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကင်းဂိတ်နှင့် သင်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်သည်ဟု USO အဖွဲ့က ဆိုသည်။
အဆိုပါ ဗိုလ်သင်တန်းကျောင်းသည် အမျိုးသမီးဗိုလ်လောင်းများကို မွေးထုတ်ပေးသည့် တပ်မတော် (ကြည်း)သင်တန်းကျောင်းဖြစ်ပြီး ဘေးကပ်လျက်တွင် အရာခံအကြပ်ကြီး (ရကသ-၄) သင်တန်း ကျောင်းရှိကြောင်း နယ်မြေခံများထံက သိရသည်။
ရန်ကုန်မြို့ပြစစ်ဆင်ရေးကို ဒုတိယအကြိမ်မြောက် ပြန်လည်စတင်လုပ်ဆောင်တော့မည် ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် USO အဖွဲ့က အသိပေးတိုက်တွန်းထားသည်။
#ရန်ကုန် #မှော်ဘီ #စစ်ကောင်စီ #ဗိုလ်သင်တန်းကျောင်း #၄၀မမ #ပစ်ခတ်ခံရ #USO #PDF #Ayeyarwaddy_Times