ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

ရုရှားစစ်တပ်မှာ အမြဲတမ်း တပ်ဖွဲ့ဝင်အင်အားကို ၁၈၀၀၀၀ မှ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့် မယ့် အမိန့်တစ်ရပ်ကို သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပူတင်က အဆိုပါအမိန့်ကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှာ စတင် အသက်ဝင်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ယူကရိန်းကျူးကျော်စစ် ၂ နှစ်ခွဲကျော် ရောက်ရှိလာချိန်မှာ ရုရှားနိုင်ငံက တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ဖို့လိုအပ်ချက် ရင်ဆိုင်နေရချိန်မှာ ယခုအမိန့်ကို ဖြစ်ပေါ်လာတာပါ။

ပူတင်ဟာ အလားတူအမိန့်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း လက်မှတ်ထိုးခဲ့ပါသေးတယ်။ ယူ ကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်အင်အား တိုးချဲ့တာ တတိယအကြိမ်ဖြစ်တယ် လို့ ရုရှားမီဒီယာတွေက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့ဟာ ရုရှားနိုင်ငံအနောက်ပိုင်း ကတ်စ်ဒေသမှာ နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်နေပါတယ်။
ယူကရိန်းဟာ ကတ်စ်ဒေသမှာ စတုရန်းကီလိုမီတာ ၉၀၀ ဝန်းကျင်အထိ နယ်မြေထိန်းချုပ်နိုင်ပြီ လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ရုရှားကလည်း ကတ်စ်ဒေသမှာ တန်ပြန်ထိုးစစ်ဆင်မှု ပြုလုပ်နေပြီး နောက်ထပ် ရွာနှစ်ရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; Putin orders bolstering of Russia’s military to 1.5 million troops

#Ayeyarwaddy_Times