ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
တိုင်ဖွန်းမုန်တိုင်း “ယာဂီ” ဟာ မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံကို တိုက်ခတ်ခဲ့ရာ ရေ ကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ တရားဝင် အချက်အ လက်တွေအရ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ယာဂီ” ဟာ ဗီယက်နမ်နိုင်ငံရဲ့ မြစ်နီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက် ခတ်ခဲ့ရာ စက်ရုံတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး လယ်ယာမြေတွေ ရေနစ်မြှုပ်ခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့် ရှိ မယ်လို့ ဗီယက်နမ်အစိုးရရဲ့ ကနဉီးအကဲဖြတ်ချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာတွေက ခန့်မှန်းပါ တယ်။
ဗီယက်နမ်နိုင်ငံမှာ သေဆုံးသူ ၂၉၂ ဉီးရှိပြီး ၃၈ ဉီး ပျောက်ဆုံးကာ နေအိမ် ၂၃၀၀၀၀ ကျော် ပျက် စီးခဲ့တဲ့အပြင် သီးနှံစိုက်ခင်း ဟက်တာ ၂၈၀၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါ တယ်။
မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ ကြောင့် လူ ၁၁၃ ဉီး သေဆုံးကာ ပြည်သူ ၃၂၀၀၀၀ ကျော် ယာယီ ရေဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ တိုက်ခတ်မှု ကြုံတွေ့ခဲ့ရပြီး မြန်မာ့သ မိုင်းမှာ မကြုံတွေ့ဖူးတဲ့ အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ဖြစ်စေခဲ့ပါတယ်” လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ် (WFP) ဌာနေကိုယ်စားလှယ် ရှီလာမတ်သယူးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ပြင်းထန်သော ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၈ ခုနှစ်က ဆိုင်ကလုန်းမုန်တိုင်း ‘နာဂစ်’ ကြောင့် လူ ၁၃၈၀၀၀ သေဆုံး သို့ မဟုတ် ပျောက်ဆုံးခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက ရေဘေးကြောင့် ပြည်ပနိုင်ငံတွေက ကူညီကြဖို့ တောင်းဆိုထားရာ အိမ်နီး ချင်း အိန္ဒိယနိုင်ငံက ရိက္ခာခြောက်တွေ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ အပါအဝင် အကူအညီ တန်ချိန် ၁၀၀ ပေးပို့ခဲ့ပါတယ်။
ကိုးကား – AFP
Ref; Vietnam puts typhoon losses at $1.6 billion
#Ayeyarwaddy_Times