ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

NGO အဖွဲ့အစည်း ၁၂ ခုရဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်အတွက် ပေးပို့တဲ့ ပူးတွဲအိတ်ဖွင့်ပေးစာတစ်စောင်မှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး တောင်းပန်ကြောင်း ဒီစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က သြဂုတ်လ ၁၂ ရက်မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထံ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်လို့ သဘောမတူသလို သိရှိခြင်းလည်း မရှိခဲ့ဘူးလို့ Amnesty International က ပြောပါတယ်။

နယူးယောက်မြို့မှာကျင်းပမယ့် ပညာရေးဆိုင်ရာ အခမ်းအနားနဲ့ပတ်သက်တဲ့ ပူးတွဲ အိတ်ဖွင့်ပေးစာတစ် စောင်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် စာသားနမူနာကိုသာ မြင်တွေ့ခဲ့ရတယ်လို့ Amnesty International က ပြောပါတယ်။

လု့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း အိတ်ဖွင့်ပေးစာကို စစ်ခေါင်းဆောင် မင်းအောင် လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထံ မှားယွင်းပေးပို့ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒီအမှားအယွင်းအတွက် တောင်းပန်ပြီး ဒီလုပ်ရပ်ဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အ သိအမှတ်ပြုတာမဟုတ်ဘူးလို့ Amnesty International က ပြောပါတယ်။

Amnesty International က စစ်ရာဇဝတ်မှု၊ လူသားမဆန်သော ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုအ တွက် စုံစစ်းစစ်ဆေးမှုခံနေရတဲ့ မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးကို လူသိထင်ရှား အမည်တပ်ပြော ကြားခဲ့ပါတယ်။

မြန်မာ အကျဉ်းထောင်နဲ့ စစ်ကြောရေး အာဏာပိုင်တွေက အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ထိန်းသိမ်းခံ ထားရတဲ့ပြည်သူတွေကို နှိပ်စက်ကလူပြုနေတယ်ဆိုတာ Amnesty International က ပြီးခဲ့တဲ့အပတ်က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Amnesty International
Ref; MYANMAR: LETTER ON UN EDUCATION SUMMIT