ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
ဧရာ၀တီတိုင်း၊ ဇလွန်မြို့တွင် စက်တင်ဘာလအတွင်း ဧရာ၀တီမြစ်ရေတိုးပြီး ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လာသဖြင့် နေအိမ်များပျက်စီးမည်ကို ဒေသခံများစိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းသိရှိရသည်။
ဇလွန်မြို့၊ ကမ်းနားရပ်ကွက်ဟောင်း ဧရာ၀တီမြစ် ရေကာတာ အနီးတွင် စက်တင်ဘာလ ၁၂ရက်နေ့တွင်စတင်ပြီး မြစ်ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်လာကြောင်း သိရှိရသည်။
“မြေသား ရေကျချိန်ဆိုအိပြီးပြိုနေတယ်အထက်ကရေတွေ ဆင်းလာရင်ပိုဆိုးမယ်ထင်တယ်။ မြို့ခံတွေကတော့စိုးရိမ်နေကြတယ်”ဟု ဇလွန်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အဆိုပါနေရာတွင် မြစ်ရေကျချိန် ကမ်းပါး အလျားပေ ၁၀၀ ခန့် အနံ ၃၅ ပေခန့် ပြိုကျနေပြီး မြေသားအက်ကြောင်းလေးပေခန့်ဖြစ်ပေါ်နေကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ၁၂ရက်နေ့ကမြန်အောင်မြို့နယ်တွင် ဧရာ၀တီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနိုင်သောအခြေအနေဖြစ်ပေါ်လာသောကြောင့် နေအိမ်ငါးလုံးအရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ မှတ်တမ်းများအရသိရှိရသည်။
#ဇလွန်မြို့ #ဧရာ၀တီမြစ် #ရေတိုက်စား #ကမ်းပြိုကျ #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times