ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၁၆ ရက်

ကရင်နီ-ရှမ်းတာင်နယ်စပ်ရှိ လွိုင်လင်လေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ သုံး ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကရင်နီအမျိုးသားများလွတ်မြောက်ရေးတပ်(KNDF) ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ တပ်စွဲစခန်းချထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ၊ ကျောင်းကုန်း၊ ကုန်းဆွတ်၊ အောင်ပလ၊ ကယန်းလေးတာဝါတိုင်ကုန်း တို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့မှဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ လေး ရက်ကြာ တိုက်ပွဲများအပြင်း အထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၂၄ လက်နှင့် ခဲယမ်းမျိုးစုံကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

“ခုရက်ပိုင်းအတွင်းမှာတော့ တိုက်ပွဲကနည်းတယ်ပေါ့နော်။ တိုက်ပွဲမရှိဘူး။ စစ်ကောင်စီက လက်နက် ကြီးနဲ့ တစ်ချက်တစ်ချက် ထပစ်တာလောက်ပဲရှိတယ်” ဟု KNDF ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်‌သေဆုံးမှုများသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပြင် ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လွိုင်လင်လေးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် လက်ရှိအချိန်အထိ လွိုင်ကော်-လွိုင်လင်လေး-ဆီဆိုင် လမ်းမကြီးတစ်လျှောက်တွင် တော်လှန် ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုများ ရံဖန်ရံခါ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် KNDF က အသိပေးထားသည်။

ထိုသို့ စစ်ရေးအခြေအနေများအပြင် ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားနေပြီး ရေကြီးရေလျှံမှုများ မြေပြိုမှုများ ဖြစ်ပွားနေ သည့်အတွက် အထူးသတိရှိကြပါရန်လည်း ထုတ်ပြန်ထားသည်။

ကရင်နီတွင် ရေကြီးရေလျှံမှုများကြောင့် KNDF တပ်ဖွဲ့မှပြုလုပ်သည့် ဆေးသင်တန်းတစ်ခုမှ ဆေးတပ်သား ၁၈ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ချောင်းတစ်ခုကိုဖြတ်ကျော်စဉ် ရေစီးဖြင့်မျောပါသေဆုံးခဲ့ရသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #ရှမ်းတောင် #လွိုင်လင်လေး #တိုက်ပွဲ #လက်နက်ခဲယမ်းရရှိ #KNDF #Ayeyarwaddy_Times