
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
အနောက်နိုင်ငံမဟာမိတ်တွေက ယူကရိန်းကို ရုရှားပိုင်နက်အတွင်းပိုင်းအား တာဝေးပစ်ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခွင့်ပြုရင် ကိယက်ဗ်မြို့တော်ကို အရည်ပျော်ကျတဲ့အထိ တိုက်ခိုက်မယ်လို့ ရုရှားသမ္မတ ဟောင်း ဒီမီထရီမတ်ဗီဒက်ဗ်က သတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံတွင်းရှိ စစ်ရေးပစ်မှတ်တွေကို အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုနေတာကြာပါပြီ။
အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ယူကရိန်းကို ရုရှားပိုင်နက်အား Storm Shadow ဒုံး ကျည်တွေနဲ့ တိုက်ခိုက်ခွင့်ပြုရင် နေတိုးအဖွဲ့က ရုရှားနဲ့စစ်ဖြစ်တာလို့ သမ္မတ ဗလာဒီမာပူတင်က သတိ ပေးခဲ့ပါတယ်။
“အနောက်နိုင်ငံတွေက သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ် ရုရှားရဲ့ လက်တုံ့ပြန်နိုင်စွမ်းကို လျှော့တွက် ကြတယ်။ စိတ်ရှည်သည်းခံနိုင်တာ ကုန်ဆုံးသွားပါပြီ” လို့ ဒီမီထရီမတ်ဗီဒက်ဗ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီရဲ့ ကိယက်ဗ်ခရီးစဉ်ကြောင့် ရု ရှားက အသံထက်မြန်သောဒုံးကျည်တွေ အသုံးပြုပြီး ဗြိတိန်ကို တိုက်ခိုက်နိုင်တယ်လို့ ၎င်းက ရေးသားခဲ့ ပါသေးတယ်။
“ရုရှားရဲ့အကြမ်းဖက်မှုဟာ ရုရှားနိုင်ငံတွင်းက လက်နက်သိုလှောင်ရုံတွေ၊ လေယာဉ်ကွင်းတွေနဲ့ စစ်ဘက်အခြေစိုက်စခန်းတွေက စတင်ပါတယ်။ ရုရှားနိုင်ငံတွင်းအထိ တိုက်ခိုက်ခွင့်ပြုတာ ဆုံးဖြတ်ချက် ကို မြန်ဆန်စေပါတယ်” လို့ ယူကရိန်းသမ္မတ အကြံပေး အန်ဒရေယာမတ်ခ်က ပြောပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ စနေနေ့က နှစ်ရက်ဆက်တိုက် အကျဉ်းသားတွေချင်း လဲလှယ်ခဲ့ရာ နှစ် ဖက်စလုံးက အကျဉ်းသား ၁၀၃ ဦးကို လွှတ်ပေးခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား သုံ့ပန်း ၂၀၆ ဉီး ဖလှယ်ဖို့ ကြားဝင်စေ့စပ်ပေးခဲ့ပြီး ယခုအကြိမ်ဟာ အဌမ အကြိမ်မြောက်ဖြစ်တယ်လို့ ယူအေအီးနိုင်ငံက ပြောပါတယ်။
ကိုးကား – Independent
Ref; Former Russian president threatens to turn Kyiv into ‘melted spot’ if long-range missiles approved
#Ayeyarwaddy_Times