ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဒေါ်နယ်ထရမ့် ဂေါက်က စားနေတဲ့နေရာအနီးမှာ သံသယဖြစ်ဖွယ်ရာ လူတစ်ဉီးကို သေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ထောက်လှမ်းရေးအဖွဲ့ FBI က ပြောပါတယ်။

ဒေါ်နယ်ထရမ့်က ဘေးကင်းပြီး အာဏာပိုင်တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို စုံစမ်းစစ် ဆေးနေတယ်လို့ အမေရိကန်မီဒီယာတွေက ပြောပါတယ်။

ဒေါ်နယ်ထရမ့် ဂေါက်ရိုက်တဲ့နေရာမှ မီတာ ၄၀၀ ခန့်အကွာမှာရှိတဲ့ သံသယရှိသူကို ထောက် လှမ်းရေးတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။

သံသယဖြစ်ဖွယ်ရာ သေနတ်သမားကို အချုပ်ထဲသို့ ပို့ဆောင်ခဲ့ပြီး သူ့ထံကနေ အေကေ ၄၇ ပုံစံ တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်ကို သိမ်းဆည်းရမိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ထိုဖြစ်စဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဒုတိယသမ္မတ ကာမဲလာဟားရစ်ထံ တင်ပြခဲ့တယ်လို့ အိမ်ဖြူ တော်က ပြောပါတယ်။

“ဒေါ်နယ်ထရမ့် ဘေးကင်းတဲ့အတွက် ဝမ်းသာရပါတယ်။ အမေရိကမှာ အကြမ်းဖက်မှုအတွက် နေရာမရှိပါဘူး” လို့ ကာမဲလာဟားရစ်က လူမှုကွန်ရက်တစ်ခုမှာ ပြောပါတယ်။

ဇူလိုင်လအတွင်း ပင်ဆီဗေးနီးယားပြည်နယ်က မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ သေနတ်သမားတစ်ဉီး ရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကြောင့် ဒေါ်နယ်ထရမ့်ရဲ့နား ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုးကား – NHK
Ref; US investigating apparent assassination attempt of Trump

#Ayeyarwaddy_Times