ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဆည်ရေလျှံမှုကြောင့် ၂ ရက်ကြာရေလွှမ်းမိုးသွားသော ရန်ကုန် – မန္တလေး အမြန်လမ်း ၃၅၆ မိုင် ( တစ်မိုင်အကွာအဝေး) တွင် ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ရေပြန်ကျသွားကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန်သို့ ခရီးသည်မော်တော်ယာဉ်များနှင့် ကုန်ကားများ ဖြတ်သန်းနေပြီဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းအတွင်း နေရာ ကွက်ကျား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မြစ်ရေချောင်းရေများရေကြီးရေလျှံနေသဖြင့် အချိန်မရွေးထပ်မံ ရေလွှမ်းမိုးနိုင်ကြောင်း သိရသည်။

ထိုသို့ ရေလွှမ်မိုးနေစဉ်အတွင်း မော်တော်ကားဖြတ်သန်းမှုယာယီပိတ်ထားပြီး အသွား၊အလာခေတ္တ ကြန့်ကြာသွားနိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ရန်ကုန် – မန္တလေးအမြန်လမ်းရှိ ဘေးအကာ အရံသံဘောင်များအထိ ရေမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၃၅၆ သည် တံတားဦးမြို့နယ်အတွင်းတည်ရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အမြန်လမ်း #မိုင်တိုင်၃၆၅ #ရေပြန်ကျ #မော်တော်ယာဉ်ဖြတ်သန်း #Ayeyarwaddy_Times