
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ သဘောထားကွဲလွဲအောင် သွေးထိုးဖို့ ကြိုးပမ်းတဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တယ်လို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက စနေနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ မီဒီယာအချို့နဲ့ လူ ပုဂ္ဂိုလ်တွေရဲ့ မကြာသေးမီက အခြေအမြစ်မဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်ရာမှာ တရုတ်သံရုံး ပြောရေးဆိုခွင့် ရှိသူက အခုလို မှတ်ချက်ပြုတာပါ။
တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသား စည်းလုံးညီညွတ် ရေးနဲ့ ပိုင်နက်နယ်မြေတည်ကြည်မှုကို ထောက်ခံတယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာ့ပြည်တွင်းရေးမှာ မစွက်ဖက်ဖို့ တရုတ်နိုင်ငံက တောင်းဆိုသလို မြန်မာပြည်သူတွေ ပိုင်ဆိုင်ပြီး ဉီးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ်ကို လိုက်နာတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံပတ်သက်လို့ တရုတ်ရဲ့ ချစ်ကြည်ရင်းနှီးသောမူဝါဒက မြန်မာပြည်သူအားလုံးအတွက်လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲကာ အငြင်းပွားမှုတွေကို ငြိမ်း ချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းပြီး မြန်မာမြောက်ပိုင်းမှာသာမက တစ်ပြည်လုံးမှာ တည်ငြိမ်မှုရရှိပြီး တင်းမာမှုလျှော့ချဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
ကိုးကား – CGTN
China opposes any words, deeds undermining China-Myanmar ties: embassy