
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ရုရှားပိုင်နက်ကို တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးပြု ခွင့်ပြု မပြုကိစ္စကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထပ်မံ ဆွေးနွေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတန်မာက ပြောပါတယ်။
သောကြာနေ့က အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံချိန်မှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။ ခေါင်းဆောင်နှစ်ဉီးက အဆိုပါကန့်သတ်ချက်တွေကို ရုတ်သိမ်းသင့် မသင့် အမြင် ချင်း ဖလှယ်ခဲ့ကြပါတယ်။
ဆွေးနွေးမှုကြောင့် ယူကရိန်းက ရုရှားပိုင်နက်ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ကန့်သတ်ချက်တွေကို အမြန်ဆုံး ရုတ်သိမ်းစေလိုပြီး ရုရှားရဲ့ ထိုးစစ်ဆင်မှုက ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေလို့ အနောက်နိုင်ငံခေါင်းဆောင်တွေကလည်း အဆိုပါကိစ္စ ကို ဆွေးနွေးနေကြပါတယ်။
ရုရှားပိုင်နက်အား အနောက်နိုင်ငံထုတ် စစ်လက်နက်တွေနဲ့ ယူကရိန်းကို တိုက်ခိုက်ခွင့်ပြုရင် နေ တိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားနဲ့ တိုက်ရိုက် စစ်ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ထိုသို့ဖြစ်လာပါက ယူကရိန်းစစ်ပွဲရဲ့ သဘောသဘာဝကို ပြောင်းလဲစေမယ်လို့ ပူတင်က သတိ ပေးခဲ့ပါတယ်။ ပူတင်က သတိပေးချက် ထုတ်ပြန်ပြီးနောက် အမေရိကန်-ဗြိတိန် ထိပ်သီးဆွေးနွေးမှုကို အလေးထား စောင့်ကြည့်ခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဉီးက အပြုသဘောဆောင်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အစည်းအ ဝေးအပြီးမှာ စတန်မာက ပြောပါတယ်။
အဆိုပါကိစ္စရပ်ကို စက်တင်ဘာလနှောင်းပိုင်းမှာ နယူးယောက်မြို့တော်၌ကျင်းပမယ့် ကုလသ မဂ္ဂ အထွေထွေညီလာခံမှာ ထပ်မံ ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။
“ရုရှားနိုင်ငံအတွက် စစ်ပွဲက ပိုမိုခက်ခဲလာပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ခိုင်မာသော ဆုံးဖြတ် ချက်တွေ လိုအပ်ပါတယ်” လို့ ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; US, Britain will continue to discuss Ukraine’s use of long-range weapons
#Ayeyarwaddy_Times