ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်မှ ရေဘေးသင့်ပြည်သူတွေကို မဆိုင်းမတွ ကူညီပေးဖို့ ထိုင်းဝန် ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက စက်တင်ဘာလ ၁၃ ရက်မှာ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါ တယ်။

ချင်းရိုင်ပြည်နယ်မှာ ရေနစ်မြှုပ်မှုတွေ ဖြစ်နေဆဲဖြစ်ကာ ရေစီးသန်မှုကြောင့် ကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်စေတယ်လို့ သိရပါတယ်။

“ကျွန်မတို့ နေအိမ်တွေမှာ ပိတ်မိနေသူတွေကို အစားအစာနဲ့ သောက်သုံးရေ အမြန်ဆုံး ပေးပို့ဖို့ လိုအပ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်သူတွေအားလုံး ဘေးကင်းဖို့လည်း အရေးကြီးပါ တယ်” လို့ ပေထောင်တန်က ပြောပါတယ်။

ထိုင်းအစိုးရက ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ ဘတ်ဂျက်တစ်ရပ် ခွဲဝေသတ်မှတ်ခဲ့ပြီး စောင့် ဆိုင်းစရာမလိုပဲ ချက်ချင်း ကူညီခွင့်ပြုတယ်လို့ သူက ဆက်ပြောပါတယ်။

မယ်ဆိုင်ဟာ ထိုင်းနိုင်ငံမှာ ရေဘေးအသင့်ဆုံး ခရိုင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသအချို့မှာ ဒေသခံတွေထံ အစားအသောက်နဲ့ အခြား မရှိအဖြစ်လို အပ်တဲ့ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့သာ ပို့ဆောင်ပေးနေရပါတယ်။

ကြာသပတေးနေ့က ရေဘေးအခြေအနေကြောင့် ချင်းရိုင်သို့ပျံသန်းမယ့် လေကြောင်းခရီးစဉ် တွေကို ဖျက်သိမ်းခဲ့ရပေမယ့် သောကြာနေ့မှာ လေယာဉ်ခရီးစဉ်တွေ ပြန်လည်စတင်ခဲ့ပါတယ်။
သောကြာနေ့မှာ ရေပြန်ကျမယ်လို့ မျှော်မှန်းခဲ့ပေမယ့် အခြေအနေက အရေးပေါ်ဖြစ်နေဆဲလို့ တာဝန်ရှိသူတွေက ဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

ချင်းရိုင်ပြည်နယ်ရှိ ခရိုင်ခြောက်ခုမှာ ရေဘေးနဲ့ မြေပြိုမှုတွေကြောင့် လူလေးဉီး သေဆုံးခဲ့ပြီး အိမ်ထောင်စု ၄၅၃၀၀ ခန့် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်တားဆီးရေးဌာနက ထုတ်ပြန်ခဲ့ပါ တယ်။

ရေဘေးကြောင့် ပိတ်ခဲ့ရတဲ့ မယ်ဆိုင်နဲ့တာချီလိတ်ကြား စစ်ဆေးရေးဂိတ်ကို သောကြာနေ့က ပြန်ဖွင့်လှစ်ခဲ့ပေမယ့် မော်တော်ကားတွေကို ဖြတ်သန်းခွင့်မပြုဘူးလို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; Paetongtarn orders swift aid for stranded flood victims

#Ayeyarwaddy_Times