
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
မြန်မာနိုင်ငံမှာ သီတင်းတစ်ပတ်ခန့်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်းတွေကို ကုလသမဂ္ဂ ကလေးများရန် ပုံငွေအဖွဲ့ (UNICEF) က စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“သတင်းတွေအရ စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်မှာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေး တိုင်းဒေသကြီးမှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် အရပ်သား ၂၄ ဉီး သေဆုံးခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ရှစ်ဦးလည်း ဒဏ်ရာရရှိကာ လူထုအခြေပြု သင်ကြားရေးစင်တာတစ်ခု ပျက်စီးခဲ့ပါတယ်” လို့ ယူနီဆက်က ဆိုပါတယ်။
“မြန်မာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေလို့ ကလေးငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ တိုက်ခိုက် မှုဒဏ်တွေကို ခံနေရပါတယ်။ စာသင်ကျောင်းလိုနေရာတွေ အပါအဝင် ကလေးငယ်တွေဟာ ဘေးကင်း တယ်လို့ယူဆရတဲ့ နေရာတွေမှာတောင် သတ်ဖြတ်ခံနေရပါတယ်” လို့ ယူနီဆက်ရဲ့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာလို့ ကလေးငယ်တွေ သတ်ဖြတ်ခံရတာ ဆက်လက်ဖြစ်မှာကို စိုး ရိမ်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကလေးငယ် ၆၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ယူနီ ဆက်က ပြောပါတယ်။
ကလေးငယ်တွေကို သတ်ဖြတ်တာနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာဟာ ဆိုးရွားသော ချိုးဖောက်မှုတွေဖြစ်တယ်ဆိုတာ အဖွဲ့အစည်းအားလုံးကို ယူနီဆက်က သတိပေးပြီး ဘယ်လိုအချိန်မှာမ ဆို ကလေးငယ်တွေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရမယ်လို့ ဆိုပါတယ်။
ကိုးကား – UNICEF
Ref; At least 10 children killed in less than a week as deadly attacks continue in Myanmar
#Ayeyarwaddy_Times