ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

ယခုလို အရမ်းခက်ခဲနေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်း အဖွဲ့ဝင်တစ်နိုင်ငံအနေဖြင့် အနည်းဆုံးလုပ်နိုင် သည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUGG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွေနဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် မြန်မာပြည်သူတွေကို အားပေးမှု၊ စည်းလုံးညီညွတ်မှု ပြသဖို့ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မလေးရှားနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဖြေရှင်းရေး အစီအစဉ်တစ်ခု အဆိုပြုခဲ့ကာ မလေးရှားနိုင် ငံရှိ ဒုက္ခသည်တွေအတွက် ပညာသင်ကြားခွင့်ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ထိုင်းတောင်ပိုင်းဆွေးနွေးပွဲ၊ ဖိလစ်ပိုင်တောင်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်လိုမျိုး ဒေသတွင်း ပဋိပက္ခဖြေရှင်း ရာမှာ မလေးရှားနိုင်ငံက စေ့စပ်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရေးကြိုးပမ်းမှုကို အာဏာသိမ်းစစ်ကောင်စီက ပျက်ရယ်ပြုနေတယ်လို့ ဆိုင်ဖူဒင်က ပြောကြားခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်မှု မတိုးတက်သရွေ့ ဒေသတွင်းအစည်းအဝေးတွေမှာ စစ် ကောင်စီကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုဖို့ ၄င်းက တိုက်တွန်းခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ဟာ ဒေသတွင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီကို မကြာခဏ ထုတ်ဖော်ဝေဖန်လေ့ရှိသူ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး လိုလားသူဖြစ်ပါ တယ်။

ကိုးကား – Twitter