ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၃ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် အခြေစိုက် အနက်ရောင်လျှပ်စီးပျောက်ကြားတပ်ဖွဲ့မှ သန်လျင်မြို့အတွင်း အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး လုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်သူများ အနေဖြင့် မကူညီနိုင်ရင်တောင် ” မဆိုင်သလို မသိလို မမြင်သလို” နေထိုင်ပေးခြင်းဖြင့်ပေးကူညီပေးပါရန် တောင်းဆိုထားပါတယ်။

အနက်ရောင်လျှပ်စီးတပ်ဖွဲ့၏ မစ်ရှင်များဆောင်ရွက်နေစဉ်အတွင်း ပြည်သူများအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း အနက်ရောင်လျှပ်စီး တပ်ဖွဲ့တာဝန်ခံ ဗိုလ်ငရဲမှ ထုတ်ပြန်ထားပါတယ်။