ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီဘက်မှ ဆက်လက်ရပ်တည်ခြင်းမပြုဖို့အတွက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း အခြေပြုလှုပ်ရှားနေတဲ့ Freedom People Force – FPF အဖွဲ့က လက်ရှိ သြဂုတ်လအတွင်း ကြီးမားတဲ့ တရုတ်စီမံကိန်းကြီးတစ်ခုဖြစ်တဲ့ ကျောက်ဖြူ – ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးမှာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူတွေကိုယ်စား တောင်းဆိုနေတဲ့ ၎င်းတို့တောင်းဆိုချက်ကို တရုတ်အစိုးရအနေနဲ့ အလေးထား လိုက်နာဆောင်ရွက်ခြင်းမရှိရင် မြန်မာပြည်တွင်းက တရုတ်စီမံကိန်းနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို မဖြစ်မနေ ထိပါးရလိမ့်မယ်လို့ FPF အဖွဲ့က သတိပေးပြောဆိုပါတယ်။