ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ရုရှားပိုင်နက်ကို အနောက်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းအား တိုက်ခိုက်ခွင့်ပြု တာ နေတိုးအဖွဲ့ဝင်တိုင်းပြည်တွေဟာ ရုရှားကို တိုက်ရိုက် တိုက်ခိုက်တဲ့သဘောဖြစ်ပြီး ပဋိပက္ခ သဘော သဘာဝကို ပြောင်းလဲစေမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်ပါတယ်။

ရုရှားဒုံးပစ်စခန်းတွေကို အနောက်နိုင်ငံထုတ် တာဝေးပစ်လက်နက်တွေနဲ့ ဖျက်ဆီးခွင့်ပြုဖို့ ယူက ရိန်းက အမေရိကန်နဲ့ ဉရောပတိုင်းပြည်တွေကို တောင်းဆိုခဲ့ပါတယ်။

ရုရှားနယ်စပ်ဒေသတစ်ချို့မှာ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုမှုကို အနောက်နိုင်ငံတွေက ကန့် သတ်ခဲ့ပါတယ်။

နေတိုးအဖွဲ့မပါဘဲ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို အသုံး ပြုနိုင်တဲ့စွမ်းရည် ယူကရိန်းမှာမရှိဘူးလို့ ပူတင်က ကြာသပတေးနေ့မှာ ရုရှားနိုင်ငံပိုင် ရုပ်သံလွှင့်ဌာနကို ပြောပါတယ်။

ယူကရိန်းအား တာဝေးပစ်လက်နက်တွေနဲ့ ရုရှားကို တိုက်ခိုက်ခွင့်ပြုတာ နေတိုးအဖွဲ့ဝင်တွေ ဟာ ယူကရိန်းစစ်ပွဲမှာ ပါဝင်လာတဲ့သဘောဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဆိုပါလုပ်ဆောင်ချက်က ယူကရိန်းပဋိပက္ခရဲ့ အနှစ်သာရနဲ့ သဘောသဘာဝကို သိသိသာသာ ပြောင်းလဲစေမယ်လို့ ၎င်းက ပြောပါတယ်။

ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ သင့်တော်သော ဆုံးဖြတ်ချက်တွေ ချမှတ် မယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့က ဝါရှင်တန်မြို့တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဗြိ တိန်ဝန်ကြီးချုပ် ကီယာစတန်မာတို့က အဆိုပါပြဿာနကို ဆွေးနွေးခဲ့ပါတယ်။

ကိုးကား – NHK
Ref; Putin: Allowing Ukraine to use long-range missiles would change nature of war

#Ayeyarwaddy_Times