ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ ကြောင့် ဗီယက်နမ်နိုင်ငံမှာ လူသေဆုံးမှု ဆက်လက်မြင့်နေပြီး ရေကြီး ရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ ဟာ ပြီးခဲ့တဲ့အပတ်က ဝင်ရောက်တိုက်ခတ်ခဲ့ ရာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ရေဘေးသင့်ခဲ့ပါတယ်။

ကြာသပတေးနေ့အထိ သေဆုံးသူ ၁၉၉ ဉီးရှိပြီး ၁၂၈ ဉီး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာ တွေက ဖော်ပြပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးသူဉီးရေ ဆက်လက်မြင့်တက်မယ်လို့ မျှော်မှန်းရပြီး နှစ် ၆၀ အတွင်း အဆိုးရွားဆုံး ဘေးအန္တရာယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။

အဆိုပါမုန်တိုင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ရပြီး လူ ၉ ဉီး သေဆုံးကာ အိမ်ထောင်စု ၃၆၀၀၀ ကျော် ဘေးသင့်ခဲ့ပါတယ်။

ချင်းရိုင်နဲ့ ချင်းမိုင်ပြည်နယ်တွေက လူနေဧရိယာတွေနဲ့ ဈေးတွေ ရေနစ်မြှုပ်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ဆိုင်ခရိုင်ဟာ ရေဘေးအသင့်ဆုံးဒေသ ဖြစ်ပါတယ်။

လာမယ့်ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ပိုဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနမှ အာဏာပိုင်တွေက သတိပေးပါတယ်။

ကိုးကား – NHK
Ref; Typhoon Yagi death toll climbs to 199 in Vietnam

#Ayeyarwaddy_Times