ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားစက်ရုံတစ်ခုသို့ သွားရောက်ကာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရလို့ တိုင်းပြည်ရဲ့ နျူကလီးယားစွမ်းရည် တွေ မြှင့်တင်ဖို့ တောင်းဆိုလိုက်ပါတယ်။

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားရဲ့ ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် လက် နက်စမ်းသပ်မှုဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောဆိုခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ရေ ပိုင်နက်အတွင်းသို့ တာတိုဒုံးကျည်များစွာ ပစ်လွှတ်ပြီးနောက် သူ့ရဲ့ နျူကလီးယားစက်ရုံကို သွားရောက် တဲ့သတင်း ဖြစ်ပေါ်လာတာပါ။

ကင်ဂျုံအန်ဟာ နျူကလီးယားအင်စတီကျု့နဲ့ လက်နက်အဆင့် နျူကလီးယားပစ္စည်း ထုတ်လုပ် ရေးစက်ရုံကို စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နျူကလီးယာတပ်ဖွဲ့ တည်ဆောက်မယ့် ပါတီမူဝါဒကို ချွင်းချက်မရှိ အကောင်အထည်ဖော်ဖို့ ပါ တီကို သစ္စာရှိတဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေကို ၎င်းက အားပေးခဲ့ပါတယ်။

အမေရိကန်နဲ့မဟာမိတ်တွေက ပိုမို ရန်လိုပြီး အနီရောင်မျဉ်းကို ဖြတ်ကျော်လာလို့ မြောက်ကိုရီး ယားက ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ကာ နျူကလီးယားတပ်ဖွဲ့နဲ့ လက်ဉီးမှုရယူ တိုက်ခိုက်ရမယ်လို့ သူက ပြောပါတယ်။

ပြုံယမ်းမြို့တော်မှ စက်တင်ဘာလ ၁၂ ရက်မှာ တာတိုဒုံးကျည်တွေ အရှေ့ပင်လယ် သို့မဟုတ် ဂျ ပန်ပင်လယ်အတွင်းသို့ ပစ်လွှတ်မှုကို ထောက်လှမ်းခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်ရုံးက ပြောပါတယ်။

ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၆၀ ခန့် ပျံသန်းပြီးနောက် ပေါက်ကွဲသွားခဲ့တာကို ချက်ချင်း ခြေ ရာခံ၊ စောင့်ကြည့်ကာ ဂျပန်နဲ့ အမေရိကန်နိုင်ငံသို့ သတင်းအချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ တောင် ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်ရုံးက ဆိုပါတယ်။

တာတိုဒုံးကျည်စမ်းသပ်မှုက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပြင်းထန်စွာ ခြိမ်းခြောက်တဲ့ ရှင်းလင်းသော ရန်စမှုတစ်ခုလို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်ရုံးက ပြောပါတယ်။

ကိုးကား – AFP
Ref; North Korea leader Kim calls for boosting nuclear might

#Ayeyarwaddy_Times