
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
အမေရိကန်နဲ့ဗြိတိန်ဟာ ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါး ပံ့ပိုးကူညီဖို့ ကတိပြုခဲ့ ပြီး ရုရှားနိုင်ငံတွင်းအထိ တိုက်ခိုက်နိုင်ရေး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တောင်းဆိုချက်တွေကို အမြန်ဆုံး စဉ်းစားမယ်လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီတို့ဟာ ကိယက်ဗ်မြို့တော်သို့ ရှားရှားပါးပါး ပူးတွဲခရီးစဉ်တစ်ခု သွားရောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံက စီးပွားရေး အကူအညီသစ်အဖြစ် ယူကရိန်းသို့ ဒေါ်လာ ၇၁၇ သန်း ထောက် ပံ့မယ်လို့ ဒေးဗစ်လမ်မီနဲ့အတူ ကိယက်ဗ်မြို့တော်သို့ ၉ နာရီကြာအောင် ရထားစီးနင်းခဲ့တဲ့ အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
အမေရိကန်နိုင်ငံက ပံ့ပိုးတဲ့ ငွေကြေးအကူအညီရဲ့ထက်ဝက်ခန့်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ယူကရိန်းနိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြုပြင်ဖို့ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုက မှေးမှိန်မှာမဟုတ်သလို ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုက ကျိုးပျက်မှာမဟုတ်ဖူး” လို့ ကိယက်ဗ်မြို့တော်မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်တိုနီဘ လင်ကန်က ပြောပါတယ်။
သက်တမ်း ၂ လသာရှိသေးတဲ့ လေဘာပါတီဉီးဆောင်တဲ့ ဗြိတိန်အစိုးရက စီးပွားရေးအကူအညီ အဖြစ် ယူကရိန်းသို့ ဒေါ်လာ ၈၇၂ သန်း ထောက်ပံ့မယ်လို့ ဒေးဗစ်လမ်မီက ကတိပြုပါတယ်။
ယူကရိန်းရဲ့ စစ်လက်နက်တွေ အသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေဖြေလျှော့ဖို့ စဉ်ဆက်မပြတ် တွန်းအားပေးခဲ့တဲ့ ဗြိတိန်နိုင်ငံက ယခုနှစ်အတွင်း ယူကရိန်းသို့ ရာနဲ့ချီတဲ့ဒုံးကျည်တွေ ထောက်ပံ့မယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – AFP
Ref; US, UK pledge economic aid for Ukraine, quick action on arms requests
#Ayeyarwaddy_Times