
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် မကြာသေးမီလတွေအတွင်း ရို ဟင်ဂျာမူဆလင် ၁၈၀၀၀ ထက်မနည်း ဝင်ရောက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနယ်စပ်မှာ လုံခြုံရေးတပ်လှုန့်မှု အရှိန်မြှင့်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည်တွေ
အစုလိုက်အပြုံလိုက် ဝင် ရောက်မှု တိုးလာခဲ့ပါတယ်။
“ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး အများအပြားက နယ် စပ်ကိုဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေပါတယ်။ အခြေအနေက ကြောက်မတ်ဖွယ်ရာဖြစ်ပါတယ်” လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်မံရောက်ရှိလာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ပြွတ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရှိယင်းစွဲဒုက္ခသည်တွေနဲ့ဆိုပါက တစ်သန်းကျော်အ ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြားအခြေခံအခွင့်အရေးတွေ ငြင်းဆန်ခံထား ရတဲ့ မြန်မာနိုင်ငံသို့ နေရပ်ပြန်ဖို့ မျှော်လင့်ချက် အနည်းငယ်သာရှိပါတယ်။
ရန်ပုံငွေအရင်းအမြစ်တွေ နည်းပါးလာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ထပ်ပြီး လက်မခံနိုင်တော့ ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထပ်တလဲလဲ ပြောဆိုခဲ့ပေမယ့် ဒုက္ခသည်တွေ ရောက်ရှိလာမှုက နှစ်ဆ ကျော်အထိ ရှိလာခဲ့ပါတယ်။
“နယ်စပ်မှာ တပ်လှုန့်မှု တိုးမြှင့်လိုက်ပေမယ့် ၂၇၁ ကီလိုမီတာရှိတဲ့ မြန်မာနယ်စပ်ကို စီမံခန့်ခွဲဖို့ က မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် စိန်ခေါ်မှုရှိပါတယ်” လို့ အမည်မ ဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတစ်ဉီးက ပြောပါတယ်။
မကြာသေးမီက ဝင်ရောက်လာခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို မှတ်ပုံတင် မတင်ဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက မဆုံးဖြတ်ရသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဉီးက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မက်ယူ နွတ်က ရိုဟင်ဂျာတွေကို တတိယတိုင်းပြည်တွေမှာ အမြန်ဆုံး ပြန်လည်နေရာချပေးဖို့ တောင်းဆိုခဲ့ပါ တယ်။
“၁၂ နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်စတင်ပြီးနောက် လူ ၂၀၀၀ ဝန်းကျင် ပြည်ပနိုင်ငံတွေကို ရောက်ရှိသွားခဲ့ပြီး အမေရိကန်၊ ကနေ ဒါ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ အိုင်ယာလန်နိုင်ငံတို့က ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Reuters
Ref; Bangladesh ramps up border vigilance as thousands of Rohingya flee Myanmar
#Ayeyarwaddy_Times