
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် မကျီးစုတာအနီးတွင် မြစ်ကမ်းပါးပြိုကျမှုရှိလာနိုင်သောကြောင့် နေအိမ်ငါးလုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီးဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် မန်ကျီးစုတာမိုင်(၆/၃)ပြိုကျမှု ဖြစ်လာနိုင်သောကြောင့် ကမ်းအနီးနေထိုင်သောနေအိမ်ငါးလုံးကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း တိုင်းမီးသတ်ဦးစီးဌာမှသိရသည်။
” မြစ်ရေတိုက်စားပြီး ပြိုကျနိုင်တဲ့အခြေအနေကြောင့်ကြိုပြီးရွှေ့ပြောင်းတာပါ။ လူထိခိုက်တာမျိုးတော့မရှိပါဘူး”လို့ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်သို့ပြောသည်။
လက်ရှိတွင် နေအိမ်ရွှေ့ပြောင်းခဲ့ရသည့်မိသားစု၀င်များသည် နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းများတွင်ယာယီနေထိုင်နေကြောင်းသိရှိရသည်။
#မြန်အောင်မြို့နယ် #မြစ်ကမ်းပါးပြိုကျနိုင် #နေအိမ်၅လုံး #အရေးပေါ် ရွှေ့ပြောင်း #Ayeyarwaddy_Times