ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့၊တောင်ပိုင်းရပ်ကွက်အနီး င၀န်မြစ်အတွင်းတွင် စက်တင်ဘာလ ၁၁ရက်နေ့ နံနက် အစောပိုင်းက ဆီတင်စက်လှေတစ်စီး မီးလောင်နစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မီးလောင်မှုဖြစ်ပွားသော စက်လှေတွင် ဒီဇယ်၊ ဓါတ်ဆီ များ တင်ဆောင်ထားပြီး မီးသတ်နှင့်ဒေသခံများက လေးနာရီခန့်ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

“လောင်စာတွေနဲ့ ဆိုတော့ တအားလောင်တာ မြစ်လယ်မှာဆိုတော့ တော်သေးတယ်ပြောရမယ် ကမ်းစပ်မှာဆိုရင် လူနေအိမ်တွေပါကူးနိုင်တယ်”ဟုဒေသခံ တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါမီးလောင်မှုတွင် စက်လှေပေါ် ပါရှိသော အမျိုးသားနှစ်ဦးမိီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် ငပုတောမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

စက်လှေသည်နံနက် ၇နာရီ ၂၀တွင် မီးငြိမ်းသွားသော်လည်း ရေ၀င်ရောက်မှုကြောင့် ကတ္တာရာချောင်း၀ နေရာတွင်နစ်မြုပ်သွားပြီး မီးစတင်လောင်ရခြင်းအကြောင်းကို မသိရှိသေးကြောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

#ငပုတောမြို့ #ဆီတင်စက်လှေ #မီးလောင်နစ်မြုပ် #၂ဦးဒဏ်ရာရ #Ayeyarwaddy_Times