
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
အမေရိကန်နိုင်ငံက ယူကရိန်းကို ရုရှားနိုင်ငံအတွင်းပိုင်းအထိ တာဝေးပစ် ATACMS ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခွင့်ပြုရင် သင့်တော်သလို လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
ရုရှားနိုင်ငံကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အ နောက်နိုင်ငံတွေကို ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ တာဝေးပစ်ဒုံးကျည်တွေမသုံးဖို့ ယူကရိန်းအပေါ် ကန့်သတ်ထား တာတွေ ရုတ်သိမ်းဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းရာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုကိစ္စကို အမေ ရိကန်အစိုးရက လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းကို ရုရှားနိုင်ငံအတွင်း တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခွင့်ပြု လိုက်ပုံပေါ်တယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က နေ့စဉ်သတင်းစာရှင်း လင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းအား တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုပါက ရုရှားက သင့်တော်သလို လက်တုံ့ပြန်မယ်လို့ သူက ဆိုပါတယ်။
“အနောက်နိုင်ငံတွေနဲ့ ယူကရိန်းရဲ့ ဒီဆုံးဖြတ်ချက်တွေဟာ ရုရှားနိုင်ငံက အထူးစစ်ဆင်ရေးလုပ် ဆောင်ဖို့ လိုအပ်တာကို အတည်ပြုတာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းနိုင်ငံသို့ တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပါက ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ပဋိပက္ခကို အရှိန်မြှင့်လာစေနိုင်လို့ အမေရိကန်နိုင်ငံဟာ ယခင်က အဆိုပါလက်နက်တွေ ယူကရိန်းသို့ ပေးပို့ဖို့ အင်တင်တင်ဖြစ်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Kremlin says Moscow will respond if Kyiv uses US ATACMS missiles to strike Russia
#Ayeyarwaddy_Times