ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

အစ္စရေးစစ်တပ်က အကြမ်းသမားတွေ ခိုအောင်းရာနေရာတစ်ခုလို့ဆိုတဲ့ ဂါဇာအလယ်ပိုင်းရှိ စာသင်ကျောင်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းမှာ ခိုလှုံနေသူ ၁၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

နူစီရတ်ဧရိယာရှိ အဆိုပါစာသင်ကျောင်းကို ဟားမာစ်အဖွဲ့က အသုံးပြုနေတယ်လို့ အစ္စရေးစစ် တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးမှုအန္တရာယ် နည်းပါးအောင် တိကျသောတိုက်ခိုက်မှုနဲ့ ဝေဟင် စောင့်ကြပ်မှု အသုံးပြုခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူဉီးရေ ၄၁၀၈၄ ဦးအထိ ရှိလာခဲ့ပြီလို့ ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းထိန်းချုပ်ထားသော အနောက်ဘက်ကမ်းမှာလည်း ထိုးစစ် ဆင်တိုက်ခိုက်မှု ပြုလုပ်နေပါတယ်။

အနောက်ဘက်ကမ်း တူခရမ်မြို့ရှိ လက်နက်ထုတ်လုပ်ရေးအလုပ်ရုံတစ်ခုကို ဖြိုဖျက်ခဲ့ပြီး လေ ကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ကိုးကား – NHK
Ref; Israeli airstrike on Gaza school reportedly kills at least 14
#Ayeyarwaddy_Times