ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ကာ လာမည့် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

လာမည့် စက်တင်ဘာ ၁၃ ရက်နေ့ နေလယ်ပိုင်း အထိ ခန့်မှန်းချက်များအရ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး/ဇလ ထံက သိရသည်။

လာမည် ၂ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်သည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်၍ လှိုင်းကြီးမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ထို့အတူ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်ရှိနိုင်ကြောင်း မိုး/ဇလထံက သိရသည်။

ဓာတ်ပုံ-မိုးဇလ
#မြန်မာနိုင်ငံတစ်ဝန်း #မိုးဆက်လက်ရွာသွန်း
#ဘင်္ဂလားဒေ့ရှ် #ဘင်္ဂလားပင်လယ်အော်
#လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ် #Ayeyarwaddy_Times