ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
မြန်မာနိုင်ငံမှ စစ်ပွဲဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ နှိပ်စက်တာတွေနဲ့ လိင်အကြမ်းဖက်မှုတွေ အပါအဝင် စနစ်တကျ အကြမ်းဖက်မှုတွေအဖြစ် အရှိန်မြှင့်လာခဲ့တယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တယား (IIMM) အကြီးအကဲ Nicolas Koumjian က ပြောပါတယ်။
အရပ်သားတွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးနေရတယ်လို့ ဂျီနီဗာမြို့ တော်အခြေစိုက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ၎င်းက ပြောပါတယ်။
နှိပ်စက်မှုပြုလုပ်တာ၊ လိင်တိုက်ခိုက်မှု အပါအဝင် စစ်ကြောရေးမှာ ထောင်နဲ့ချီတဲ့သူတွေကို ရာဇ ဝတ်မှုတွေ ကျူးလွန်တဲ့သတင်းတွေနဲ့ ထွက်ဆိုချက်တွေကို IIMM က ရရှိထားတယ်လို့ သူက ဆိုပါ တယ်။
“ရိုဟင်ဂျာတွေ တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး ထောင်နဲ့ချီဟာ သူတို့ရဲ့နေအိမ်တွေ ကနေ အဓမ္မ စွန့်ခွာခဲ့ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုတွေကို ကျူးလွန်သူတွေ တာဝန်ခံစေဖို့ IIMM က ဘယ်လို အထောက်အထားကိုမ ဆို ရအောင်လိုက်မယ်လို့ ၎င်းက အလေးထားပြောပါတယ်။
“ဒီနေ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပျက်နေတာတွေဟာ ဆယ်စုနှစ်ချီ ပြစ်ဒဏ်က နေ သက်ညှာခွင့်ရနေတာကြောင့်ပါ။ ရာဇဝတ်မှုတွေ ပြစ်ဒဏ်မကျခံရရင် ရာဇဝတ်မှုတွေ ပိုဖြစ်စေပါ တယ်” လို့ သူက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ အာဂျင်တီးနား နိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တရားစွဲဆိုမှုတွေ လုပ်ဆောင်နေတဲ့ အာဏာ ပိုင်တွေထံ IIMM က အထောက်အထားတွေ၊ ဆန်းစစ်လေ့လာမှုတွေ မျှဝေနေတယ်လို့ သိရပါတယ်။
ကိုးကား – https://www.ungeneva.org
Ref; UN investigators warn of widespread abuses in Myanmar conflict
#Ayeyarwaddy_Times