
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးလာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို တတိယတိုင်းပြည်မှာ အမြန်ဆုံး ပြန်လည်နေရာ ချထားဖို့ ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက်ယူနွတ်က တောင်း ဆိုလိုက်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြီးခဲ့တဲ့ လတွေအတွင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမူဆလင် ၈၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ ပါတယ်။
ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာလို့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် ထွက် ပြေးလာသူအများစုရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ လူပြွတ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေ မှာ နေထိုင်တဲ့ရိုဟင်ဂျာတွေဟာ တစ်သန်းကျော် ရှိလာပြီဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခွင့်နဲ့ အခြား အခြေခံအခွင့်အရေးတွေ ငြင်းဆန်ခံနေရတာကြောင့် ရိုဟင်ဂျာဒုက္ခ သည်တွေဟာ မြန်မာနိုင်ငံသို့ နေရပ်ပြန်ဖို့ မျှော်လင့်ချက်အနည်းငယ်သာ ရှိပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ချထားရေးလုပ်ငန်းစဉ်ဟာ အဆင်ပြေချောမွေ့သင့်တယ်လို့ အ ပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ယူနွတ်က အခု လို တောင်းဆိုခဲ့တာပါ။
ရိုဟင်ဂျာတွေကို တတိယတိုင်းပြည်မှာ ပြန်လည်နေရာချထားမှုကို ၁၂ နှစ်ကြာ ရပ်ဆိုင်းထားရာ မှ ၂၀၂၂ ခုနှစ်မှာ ပြန်လည်စတင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ IOM အကြီးအကဲ အဘူဆတ်တာ အီစွပ်က ပြောပါတယ်။
ထောင်နဲ့ချီသော ရိုဟင်ဂျာတွေကို အမေရိကန်နိုင်ငံမှာ နေရာပြန်လည်ချထားဖို့ ဝါရှင်တန်က ထပ်လောင်းအတည်ပြုခဲ့ပေမယ့် အဆိုပါလုပ်ငန်းစဉ် အရှိန်မြှင့်လာမှုမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း အကြမ်းဖက်မှုတွေ တိုးလာတာဟာ ကုလသမဂ္ဂ လူမျိုးသုဉ်းသတ်ဖြတ်မှု အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေနောက်ပိုင်း ရိုဟင်ဂျာတွေ အဆိုးရွား ဆုံး ရင်ဆိုင်ခဲ့ရတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ထပ်ပြီး လက်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်တူဟစ်ဟူစိန်က ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပြီး အိန္ဒိယနဲ့ အခြားတိုင်း ပြည်တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ပိုပြီး လက်ခံကြဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Bangladesh calls for faster resettlement process for Rohingya
#Ayeyarwaddy_Times