
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိကျေးရွာများသို့ စက်တင်ဘာလမှစတင်ပြီးစစ်ကောင်စီတပ်က အင်အားအပြည့်ဖြင့် ကင်းလှည့်ပြနေကြောင်း ဒေသခံများကပြောသည်။
ပုသိမ်မြို့နယ် ၊ ကြက်ပေါင်တိုက်နယ်၊ လင်း၀င်းကြီးကျေးရွာအုပ်စု၊ ကွက်ပြင်ကြီးကျေးရွာများသို့ စစ်ကောင်စီ မှ အင်အား(၄၀)ခန့်နှင့် စက်တင်ဘာလအစတွင် နှစ်ကြိမ်ခန့်ကင်းလှည့်ခဲ့ကြောင်းသိရသည်။
“စစ်ကားတွေနဲ့ရောက်လာပြီး လမ်းဆင်းလျှောက်ကြတာ၊ လယ်ကွင်းတွေဘက်တော့ အိမ်တစ်အိမ်မှာ နှစ်ယောက်နှုန်ကင်းပုန်း၀ပ်တဲ့ပုံစံမျိုးတွေ လုပ်သေးတယ်။ ရွာကလူတွေကလန့်ကုန်တာပေါ့ တစ်ကယ်ကျဘာမှမဟုတ်ပဲနဲ့”ဟု
ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းကလည်း ပုသိမ်မြို့အမှတ်(၉)ရပ်ကွက်ဗိုလ်ချုပ်ကွက်သစ် ရှိ နေအိမ်များကိုစစ်ကောင်စီတပ်သား(၂၀)ခန့်က အုပ်ချုပ်ရေးအဖွဲ့များမပါပဲ ဧည့်စာရင်းစစ်သွားကြောင်း ဒေသခံများမှပြောသည်။
ပုသိမ်မြို့နယ်၊ ထန်းကုန်းကျေးရွာ၊ဇီးကုန်းကျေးရွာများတွင် စက်တင်ဘာလ ၆ရက်နေ့မှစတင်ပြီး စစ်ကောင်စီမှ စစ်
ကားလေးစီးဖြင့် ယနေ့အထိ နေ့ည ကင်းစောင့်နေပြီး ညဘက်ထွက်သည့် တံငါလှေများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် စစ်တပ်နှင့်ရဲများမှ ညစဥ် အင်အားပြ ကင်းလှည့်နေသော်လည် လမ်းသွားလမ်းလာများကို ဆိုင်ကယ်နှင့်လိုက်လံလုယက်မှုများအပြင် နေအိမ်များကို ၀င်ရောက်ခိုးယူမူများ ပိုမိုဖြစ်ပွားခဲ့ပြီး တရားခံများကိုဖမ်းမိခြင်း တစ်ကြိမ်မှမရှိသေးကြောင်းဒေသခံများမှပြောသည်။
#ပုသိမ်မြို့နယ် #ကျေးရွာအချို့တွင် #စစ်ကောင်စီတပ် #အင်အားပြကင်းလှည့် #Ayeyarwaddy_Times