ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

ဗြိတိန်နိုင်ငံက ယူကရိန်းသို့ ရာနဲ့ချီသော တာတိုဒုံးကျည်တွေ ပေးပို့သွားမယ်လို့ အနောက်နိုင်ငံ ထုတ် စစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်းအထိ တိုက်ခိုက်ခွင့်ပြုဖို့ သမ္မတ ဇီလန်စကီးက တောင်းဆိုခဲ့ ရာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကြေညာခဲ့ပါတယ်။

သောကြာနေ့က ဂျာမနီနိုင်ငံ၊ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းမှာကျင်းပတဲ့ ထိပ်သီးဆွေးနွေး ပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း စစ်ရေးအကူအညီတွေထပ်ပေးဖို့ ဇီလန်စကီးက တောင်းဆိုခဲ့တာပါ။

ဗြိတိန်က ယူကရိန်းသို့ LMM ဒုံးကျည် ၆၅၀ စင်း အပါအဝင် စတာလင်ပေါင် ၁၆၂ သန်းတန် ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ထိပ်သီးဆွေးနွေးပွဲမှာ အ တည်ပြုခဲ့ပါတယ်။

ဗြိတိန်ရဲ့ ယခုအကူအညီကြောင့် ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေးကို မြှင့်တင်နိုင်မှာ ဖြစ်ပြီး ဗြိတိန်အစိုးရက ပံ့ပိုးကူညီမှု တိုးမြှင့်နေတာကို ပြသတာလို့ ၎င်းက ပြောပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာ ယူကရိန်းနိုင်ငံဟာ စစ်လက်နက်တွေ ပိုမိုလိုအပ် တယ်လို့ သူက ဆိုပါတယ်။

LMM ဒုံးကျည်ဟာ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှု နည်းပါးပြီး အကွာအဝေး ၆ ကီလိုမီတာ (၃ ဒသမ ၇ မိုင်) အထိ ရောက်ရှိနိုင်ကြောင်း၊ ရာနဲ့ချီသော အဆိုပါဒုံးကျည်တွေ ယူကရိန်းသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ရုရှားကျူးကျော်စစ်ရှိနေသရွေ့ ဗြိတိန်က ယူကရိန်းသို့ တစ်နှစ်လျင် စတာလင်ပေါင် ၃ ဘီလီယံ ထောက်ပံ့ဖို့ ဝန်ကြီးချုပ် ကီယာစတန်မာက ဇူလိုင်လအတွင်း ကတိပြုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံက စစ်ရေးအ ကူအညီ စတာ လင်ပေါင် ၇ ဒသမ ၆ ဘီလီယံအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၁၂ ဒသမ ၇ ဘီလီယံ ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

ကိုးကား – BBC
Ref; UK to send hundreds more missiles to Ukraine

#Ayeyarwaddy_Times