
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ယူကရိန်းနိုင်ငံသို့ ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိ စစ်လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ အခြားစစ် ရေးအကူအညီတွေ ထောက်ပံ့ဖို့ အမေရိကန်နိုင်ငံက ကတိပြုလိုက်ပါတယ်။
ရှိယင်းစွဲ အမေရိကန်စစ်တပ်ရဲ့ စစ်လက်နက်တွေကို သမ္မတရဲ့လုပ်ပိုင်ခွင့် (PDA) အရ ယူကရိန်း နိုင်ငံသို့ အခုလို စစ်ရေးအကူအညီပေးတာလို့ သိရပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ RIM-7 ဒုံးကျည်တွေ၊ စ တင်းဂါးဒုံးကျည်တွေ၊ ၁၅၅ မမနဲ့ ၁၀၅ မမ အမြောက်ကျည်တွေ၊ TOW ဒုံးကျည်တွေအပြင် Javelin နဲ့ AT-4 တင့်ဖျက်ဒုံးကျည်တွေ ပါဝင်ပါတယ်။
ယူကရိန်းနိုင်ငံသို့ ဘရတ်ဒလေ သံချပ်ကာယာဉ်တွေ၊ HIMARS ဒုံးကျည်တွေ၊ M113 သံချပ်ကာ ယာဉ်တွေနဲ့ အခြားစစ်ရေးအကူအညီတွေပေးဖို့လည်း အမေရိကန်နိုင်ငံက ကတိပြုခဲ့ပါတယ်။
ဂျာမနီမှာကျင်းပတဲ့ ယူကရိန်းသို့ စစ်ရေးအကူအညီပေးရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ သမ္မတ ဇီ လန်စကီး တက်ရောက်နေစဉ် အမေရိကန်က စစ်ရေးအကူအညီသစ်ပေးဖို့ အခုလို ကြေညာခဲ့တာပါ။
အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၆ ဘီလီယံခန့်ရှိတဲ့ PDA ဟာ ဒီလကုန်မှာ သက်တမ်းကုန်ဆုံး တော့မှာဖြစ်လို့ ယူကရိန်းသို့ စစ်ရေးအကူအညီ ထပ်မံပေးတာလို့ သိရပါတယ်။
ကိုးကား – The Kyiv Independent
Ref; US announces $250 million defense aid package for Ukraine
#Ayeyarwaddy_Times