
ဧရာဝဝီတိုင်းမ်
စက်တင်ဘာ ၇ ရက်
ဧရာ၀တီတိုင်းအတွင်း စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ခံရသည့် လူငယ်များကို သင်တန်းအပါတ်စဥ်(၅)အဖြစ် စက်တင်ဘာလ (၆)ရက်နေ့မှစတင်ပြီး စစ်သင်တန်းကျောင်း နှစ်နေရာတွင်သင်တန်းစတင်လက်ခံကြောင်း သိရသည်။
ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာအုပ်စု ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့တွင် နှစ်နေရာခွဲကာ စတင်သင်တန်းပေးနေကြောင့် စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
“စခတ(၆)နဲ့ တတက(၅) နှစ်ခုပေါင်းဆိုအကုန်ဆို၆၀၀ကျော် နီးပါးရှိပါတယ် “ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှပြောသည်။
ယခုစစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရသူများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများမှ ငွေပေးစေခိုင်းသူများ၊အတင်းအကျပ်နံမည်စာရင်းထည့်သူများအပြင်၊ စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခြင်းခံခဲ့ရသူများပါ၀င်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် ၄င်းတို့အုပ်စုအာဏာတည်မြဲရေးအတွက် လူငယ် ၊ လူရွယ်များကို စစ်အတွင်းသို့ အတင်းထည့်သွင်းနေသည်မှာ အပတ်စဉ်(၅) ကို ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် အသက်၃၅ မှ ၆၅ အထိ အရွယ်များကိုလည်း လုံခြုံရေးခေါင်းစဉ်ဖြင့် စစ်ပွဲအတွင်းသို့ထည့်သွင်းရန်လုပ်ကိုင်နေပြီဖြစ်သည်။
ဓာတ်ပုံ–ဧရာဝတီတိုင်းမ်
ပုံစာ-သိမ်မြို့ ရွှေမြင်တင်ကျေးရွာအုပ်စု ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့ကွင်းကောက်မြို့အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း
#ဧရာ၀တီတိုင်း #သင်တန်းကျောင်း #စစ်မှုထမ်း #အပတ်စဉ်၅ #စစ်သင်တန်းများစတင် #Ayeyarwaddy_Times