ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

အမေရိကန်နဲ့တောင်ကိုရီးယားဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီး ဒေသတွင်း တင်းမာ မှုတွေဖြစ်စေတယ်လို့ မြောက်ကိုရီးယားက စက်တင်ဘာလ ၅ ရက်မှာ စွပ်စွဲခဲ့ပြီး နှစ်နိုင်ငံစလုံးက တန် ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားဟာ ပြီးခဲ့လမှ ယခုလအထိ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှစ်ကြိမ် ပြု လုပ်ခဲ့ပြီး မဟာမိတ်တွေရဲ့ ပူးပေါင်း ခုခံကာကွယ်နိုင်စွမ်း မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသော အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှား မှုတွေကို မြောက်ကိုရီးယားစစ်တပ်က ဘယ်တော့မှ သည်းညည်းခံမှာမဟုတ်ဖူးလို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

“ရန်သူတပ်ဖွဲ့တွေဟာ တင်းမာမှုတွေ အရှိန်မြှင့်လာစေတဲ့ ကြီးမားသောတာဝန်ကို ရှောင်လွှဲမရ သလို တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်” လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေဟာ အထူးတပ်ဖွဲ့တွေအပါအဝင် မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကို ပစ်မှတ်ထားတဲ့ ရန်လိုသော စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့သောနှစ်လအတွင်း ပြုလုပ်ခဲ့ တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆက်ပြောပါတယ်။

“အမေရိကန်နဲ့ သူ့နောက်လိုက်တွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီး ဒေသတွင်း ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှုကို အပြင်းအထန် ခြိမ်းခြောက်နေပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ တစ်ခုပြီးတစ်ခုပြုလုပ်ကာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ တိုးလာအောင်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။

ကိုးကား – Newsweek
Ref; North Korea Warns US Will ‘Pay Price’ After Military Exercises

#Ayeyarwaddy_Times