
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
မလေးရှားနိုင်ငံမှာ အလုပ်ရဖို့ မျှော်လင့်နေတဲ့ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူ ၁၅ ဉီးနဲ့ ထိုင်းယာဉ်မောင်းတစ်ဉီးကို ကြာသပတေးနေ့က ထိုင်းတောင်ပိုင်း နယ်စပ်ပြည်နယ်မှာ ဖမ်းဆီးမိခဲ့တယ် လို့ သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဗျူရိုနဲ့ အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေဟာ Khuha Tai ရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ သံသယဖြစ်ဖွယ်ရာ ဗင်ကားတစ်စင်းကို ဟန့်တားပြီး ရှာဖွေခဲ့ရာ မြန်မာနိုင်ငံ မှ တရားမဝင် ဝင်ရောက်လာတဲ့ အမျိုးသား ၁၂ ဉီးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။
မြန်မာ တရားမဝင် ဝင်ရောက်သူ ၁၅ ဉီးနဲ့အတူ အသက် ၅၅ နှစ်အရွယ် ဗင်ကားမောင်းသူ ဆွမ် ဆတ်ခ်ဆိုသူကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။
တရားမဝင် ဝင်ရောက်သူတွေကို မြန်မာနိုင်ငံမှ မလေးရှားသို့ ဆောင်ခလာပြည်နယ်မှတစ်ဆင့် ပို့ ဆောင်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ စုံစမ်းစစ်ဆေးရေးမှူးတွေက ရရှိ ခဲ့ပါတယ်။
ဆူရတ်သာနီမှ မြန်မာနိုင်ငံသားတွေကို ဆောင်ခလာပြည်နယ်၊ နာသာဝီခရိုင်သို့ ပို့ဆောင်ပေးဖို့ တစ်ဉီးလျင် ဘတ် ၈၀၀ နဲ့ ပို့ဆောင်ပေးဖို့ သူ့ကို ငှားရမ်းခဲ့တာလို့ ဆွမ်ဆတ်ခ်က ထွက်ဆိုခဲ့ပါတယ်။
၎င်းတို့ဟာ တက်ခ်ပြည်နယ်ရှိ တောလမ်းကနေ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့အတူ အလုပ်ပွဲစားကို ဘတ် ၈၀၄၀၀ စီ ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းယာဉ်မောင်းကို ရတ်တာဖန်ရဲစ ခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။
လူမှောင်ခိုကူးမှုမှာပါဝင်တဲ့ အခြားသူတွေကို ဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ထိုင်းအာ ဏာပိုင်က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Illegal job seekers caught en route to Malaysia
#Ayeyarwaddy_Times