
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
ယခုဘဏ္ဍာနှစ်တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ဧပြီနှင့်မေ နှစ်လစာကုန်သွယ်မှုရငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ရရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဧပြီနှင့် မေလတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂၀၆ နှင့် သွင်းကုန်ရငွေ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၅၁ သန်းရရှိရာ စုစုပေါင်း ကန်ဒေါ်လာ ၅၁ သန်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်၊ ချစ်ကြည် ရေးတံတား၊ အမှတ် (၂) တံတားမှ ပို့ကုန် မော်တော်ယာဉ်အစီး ၃၀ မှ ၅၀ ကြားရှိပြီး မြန်မာနိုင်ငံမှ ပို့ကုန်များတွင် ကြက်သွန်နီ၊ ငရုတ်သီးအစိုနှင့် အခြောက်၊ ပီလောပီနံအပါအဝင် ကွမ်းသီးခြောက်တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်များ တင်ပိုရာတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းအား အသုံးပြုပိတ်ထားပြီး ယင်းနယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNU) ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။
စစ်ကောင်စီသည် သွင်းကုန်ပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်၍ လိုင်စင်ချပေးမှုကို ပိတ်ပင်ထားပြီး ပစ္စည်းသွင်းရာတွင် တရားမဝင်ကုန်ပစ္စည်းများအဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကာ ၂၀၂၄ ၊ ဇွန်လအထိ ဖမ်းဆီးရမိအမှု တွဲ ၁၃၅၅၀၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီထံက သိရသည်။
စစ်ကောင်စီသည် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ၊ သွင်း ကုန်ရငွေ သန်း ၆၇၈ ဖြင့် ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၉၉၈ သန်းရရှိရန်လျာထားပြီး ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၈၅ သန်း ခန့်မှန်းထားရာတွင် ကန်ဒေါ်လာ ၁၁၄၇ သန်း ရရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မြဝတီကုန်သွယ်ရေးဇုန် #ပို့ကုန် #သွင်းကုန်ရငွေ #ပို့ကုန်ရငွေ #ဒေါ်လာသန်း၅၀ #Ayeyarwaddy_Times