ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

နော်ဝေနိုင်ငံဟာ ဒီနှစ်ဆောင်းဉီးရာသီမှာ ယူကရိန်းနိုင်ငံသို့ F-16 ဂျက်တိုက်လေယာဉ်တစ်စင်း ထောက်ပံ့မယ်လို့ ကာကွယ်ရေးဝန်ကြီး Bjorn Arild Gram က ပြောပါတယ်။

ယခုနှစ်အတွင်း ယူကရိန်းသို့ စုစုပေါင်း F-16 ဂျက်တိုက်လေယာဉ်ခြောက်စင်း လှူဒါန်းမယ်လို့ နော်ဝေနိုင်ငံက ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း အနောက်နိုင်ငံတွေ ထောက်ပံ့ထားတဲ့ F-16 ဂျက်တိုက် လေယာဉ်တွေ အသုံးပြုတာ စတင်ခဲ့ပြီး တစ်စင်းက ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ပျက်ကျခဲ့ပါတယ်။

F-16 ဂျက်တိုက်လေယာဉ် ပျက်ကျမှုဟာ ဝမ်းနည်းစရာ ဖြစ်စဉ်တစ်ခုလို့ Bjorn Arild Gram က ပြောပေမယ့် နော်ဝေနိုင်ငံရဲ့ ယူကရိန်းသို့ ဆက်လက်ပံ့ပိုးမှုကို မထိခိုက်ဘူးလို့ ဆိုပါတယ်။

နော်ဝေက ယူကရိန်းသို့ ဒီနှစ်ဆောင်းဉီးရာသီမှာ F-16 ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ နှစ်မကုန် မီ ၅ စင်း ထောက်ပံ့မယ်လို့ ၎င်းက ပြောပါတယ်။

နော်ဝေနိုင်ငံက လာမယ့်နှစ်မှာ ဗြိတိန်စစ်သင်္ဘောအုပ်စုမှာပါဝင်ကာ ပထမဆုံးအကြိမ်အဖြစ် အာရှ-ပစိဖိတ်ဒေသသို့ ဖရီးဂိတ်သင်္ဘောတစ်စင်း စေလွှတ်မယ်လို့ သူက အတည်ပြုပါတယ်။

ထိုအစီအစဉ်ဟာ ဒေသတွင်း မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အ လမ်းတစ်ခုအဖြစ် နော်ဝေနိုင်ငံက ရှုမြင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နော်ဝေနဲ့ဂျပန်ဟာ ပင်လယ်ရေကြောင်းရှိတဲ့ တိုင်းပြည်တွေဖြစ်တာကြောင့် နယ်ပယ်စုံမှာ အ တွေ့အကြုံတွေ မျှဝေနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Norway to donate F-16 fighter jet to Ukraine this fall
#Ayeyarwaddy_Times