ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

စစ်ကောင်စီက ဖွဲ့စည်းထားသည့် အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အဆိုပါကြေညာမှုသည် တရားမဝင်ကြောင်းနှင့် စစ်ကောင်စီ နှင့်ပူးပေါင်းနေသည့် ယင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို အကြမ်းဖက်အုပ်စု အဖြစ် ကြေညာလိုက်ပြီး အဖွဲ့ဝင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း အကြမ်းဖက်သမားများအဖြစ် သတ်မှတ် ကြောင်း စက်တင်ဘာ ၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဟု အမည်ရှိသည့် ယင်းအဖွဲ့သည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အားအကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် ကြေညာခဲ့သည်ကို တွေ့ရှိရကြောင်း NUG က ဆိုသည်။

မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက်အာဏာ သိမ်းစစ်ကောင်စီက ဖွဲ့စည်းသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည့် ကြေညာစာသည် တရားမဝင်ကြောင်းလည်း NUG အစိုးရက တုံ့ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ပူး ပေါင်းဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာလိုက်ပြီး အဖွဲ့ဝင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြောင်း NUG က ထုတ်ပြန်သည်။

#NUG #စစ်ကောင်စီ #အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ #အကြမ်းဖက်အုပ်စု #သတ်မှတ်ကြေညာ #Ayeyarwaddy_Times