
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ခရီးသည် ၄၀ တင်ဆောင်လာတဲ့ စက်လှေတစ်စင်း တနင်္လာနေ့ညနေပိုင်းက မဲခေါင်မြစ်အတွင်း တိမ်းမှောက်ပြီးနောက် မြန်မာနိုင်ငံသား ၂၀ ဉီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အခြားစက်လှေမောင်းသူတွေက ခရီးသည်တင်လှေ တိမ်းမှောက်ရာနေရာသို့သွားရောက်ကာ လူ ၂၀ ဉီးကို ကယ်ဆယ်ခဲ့ပြီး ညပိုင်းအချိန်ထိ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေခဲ့ပါတယ်။
အဆိုပါကူးတို့လှေဟာ လာအိုနိုင်ငံမှ မြန်မာခရီးသည် ၄၀ ဉီးကို တင်ဆောင်ကာ ထိုင်းနိုင်ငံ၊ ချင်း ရိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ တာချီလတ်မြို့သို့ သွားရောက်နေစဉ် တိမ်းမှောက်ခဲ့ တာလို့ မျက်မြင်တစ်ဉီးက ပြောပါတယ်။
စက်လှေအင်ဂျင်က ရုတ်တရက် ရပ်တန့်သွားတာကြောင့် ရေပြည့်နေတဲ့ မဲခေါင်မြစ်အတွင်း စက် လှေမောင်းသူက စက်လှေကို မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့တာပါ။
ဒေသန္တရ အာဏာပိုင်တွေက စက်လှေတိမ်းမှောက်မှုနဲ့ပတ်သက်လို့ စက်လှေမောင်းသူကို အရေး ယူမှာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသူကို ရှာဖွေနေပါတယ်။
အင်ဂျင်စက် ပျက်သွားတာကြောင့် အဆိုပါခရီးသည်တင်လှေ မဲခေါင်မြစ်အတွင်း တိမ်းမှောက်ခဲ့ တာလို့ ကနဉီး စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။
ကိုးကား – Thai PBS
Ref; Twenty missing after boat capsizes on raging Mekong River in Chiang Rai