ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးဟောင်းတစ်ဦးဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေအတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါတယ်။

ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ မာရှစ်တာအီဘရာဟင်ရဲ့ လူကုန်ကူးမှုတွေမှာ ဆက်နွှယ်မှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုဉီးစီးဌာန (CID) ညွှန် ကြားရေးမှူး မွတ်ရှူဟေလီမွတ်ဇိန်က ပြောပါတယ်။

“ဒေါက်တာ မာရှစ်တာဟာ မြန်မာနိုင်ငံ၊ မြဝတီမြို့က အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်” လို့ ၎င်းက စက်တင်ဘာလ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံသားတွေပါဝင်သော မြန်မာနိုင်ငံက လူကုန်ကူးမှု စွဲချက်တွေနဲ့ပတ်သက်တဲ့ စုံ စမ်းစစ်ဆေးမှုတစ်ခု ပြီးစီးဖို့ CID က အချက်အလက်တွေ စုဆောင်းနေဆဲလို့ သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ လက်ရှိအချိန်ထိ ဒေါက်တာ မာရှစ်တာနဲ့ အင်ဒိုနီးရှားဘလော့ဂါတစ်ဉီး အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးရဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်းတင်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ပင်လယ်ရပ်ခြား အထူးသဖြင့် ကျားဖြန့်နဲ့ဆက်နွှယ်တဲ့တိုင်းပြည်တွေမှာ အလုပ်အကိုင် ကမ်း လှမ်းမှုတွေ လက်ခံရရှိသူတွေက ပိုမို သတိထားဖို့ ကျွန်တော်တို့ အကြံပြုပါတယ်” လို့ သူက ဆိုပါတယ်။

ဒေါက်တာ မာရှစ်တာဟာ မြန်မာနိုင်ငံက နိုင်ငံတကာ လူကုန်ကူးဂိုဏ်းတစ်ခုကို ကြိုးကိုင်သူ တစ်ဉီးလို့ စွပ်စွဲခံထားရပါတယ်။
ကိုးကား – The Star

Ref; Malaysia police confirms ex-deputy minister probed for human trafficking is currently in Myanmar

#Ayeyarwaddy_Times