ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့ လူကုန်ကူးဂိုဏ်းတစ်ခုမှာ ဒုတိယဝန်ကြီးဟောင်းတစ်ဉီး ပါဝင်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်နာဆူရှင်က ထင်မြင်ယူဆချက်တွေ ဖြစ်ပေါ်လာမှုကို ရှောင်ရှားလိုတာကြောင့် အမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

“ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်နေပြီး အမှုကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်” လို့ သူက ပြောပါတယ်။

“လာအိုနိုင်ငံမှာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး အာဆီ ယံ ဝန်ကြီးအဆင့်အစည်းအဝေးမှ ဆွေးနွေးချက်တွေကို ကျွန်တော် မျှဝေနိုင်တာကတော့ အာဆီယံနိုင်ငံ တွေမှာ လူကုန်ကူးမှု မြင့်တက်လာတာပဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မလေးရှားအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနီးပါးက လူကုန်ကူးမှုတိုက်ဖျက်ဖို့ ဉပဒေ တွေ ပြဌာန်းခဲ့တယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

“လူကုန်ကူးမှုတွေမှာ ပြည်သူတွေပါဝင်မှုမရှိအောင် ရဲတပ်ဖွဲ့က ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ပြည်သူတွေပါဝင်တာ အတည်ပြုနိုင်ရင် ဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းတစ်ခုမှာ နိုင်ငံရေးသမားတစ်ဉီးနဲ့ သူရဲ့ခင်ပွန်းတို့ ပါဝင်မှုအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ မလေးရှား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အဖွဲ့အစည်း (MHO) က မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ထံ အစီရင်ခံစာတစ်ရပ် တင်ပြခဲ့တယ် လို့ သိရပါတယ်။

ကိုးကား – Bernama
Ref; Saifuddin Nasution confirms former deputy minister under probe for alleged human trafficking in Myanmar

#Ayeyarwaddy_Times