ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

သူ့ကို ဖမ်းဝရမ်းထုတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင် မွန်ဂိုလီးယား နိုင်ငံသို့ လာမယ့်သီတင်းပတ်အတွင်း လာရောက်မယ့် ပထမဆုံး ခရီးစဉ်မတိုင်မီ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဖမ်းဆီးဖို့ ယူကရိန်းက တိုက်တွန်းလိုက်ပါတယ်။

ပူတင်ဟာ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိပြီး ပဋိပက္ခ စတင်ပြီးနောက်ပိုင်း ယူကရိန်းမှ ကလေးငယ်တွေ ရုရှားသို့ တရားမဝင် နှင်ထုတ်တာကိုရပ်တန့်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ICC က ပြောပါ တယ်။

မွန်ဂိုလီးယား တာဝန်ရှိသူတွေဟာ ICC ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ့်တာဝန်ရှိတယ်လို့ ICC မှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။ အင်္ဂါနေ့မှာစတင်မယ့် ပူတင်ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုမရှိဘူးလို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

“ကျွန်တော်တို့ မွန်ဂိုလီးယား တာဝန်ရှိသူတွေနဲ့ အကောင်းမွန်ဆုံးဆက်ဆံရေး ရှိပါတယ်” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က မော်စကိုမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မွန်ဂိုလီးယားအပါအဝင် ICC ကို လက်မှတ်ထိုးထားတဲ့ တိုင်းပြည်တွေဟာ ရောမစာချုပ် (Rome Statute) ပါ အခန်း ၉ နဲ့အညီ ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်ရှိတယ်လို့ ICC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖာဒီအယ်လ်အယ်ဒဲလာက ပြောပါတယ်။

ICC အနေနဲ့ သံသယရှိသူတွေကို ဖမ်းဆီးပိုင်ခွင့်မရှိဘဲ အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာသာ တရားစီ ရင်ပိုင်ခွင့် ရှိပါတယ်။

ပူတင်ဟာ ရာဇဝတ်ကောင်ဆိုတာကို မွန်ဂိုလီးယားနိုင်ငံက သတိထားမိဖို့ မျှော်လင့်ကြောင်း ယူ ကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး ၎င်းကိုဖမ်းဆီးကာ နယ်သာလန်နိုင်ငံရှိ ICC တရားရုံး ရှိရာ သည်ဟိဂ်မြို့က ရှေ့နေတွေထံ လွှဲပြောင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ပူတင်ဟာ ICC ရဲ့ ဖမ်းဝရမ်းကြောင့် တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မယ့်အစီအစဉ် ပယ်ဖျက်ခဲ့ပါတယ်။

ICC အဖွဲ့ဝင်အနေနဲ့ တောင်အာဖရိကနိုင်ငံဟာ မိမိပိုင်နက်အတွင်း သံသယရှိသူတွေကို ဖမ်းဆီး ရမှာဖြစ်ပေမယ့် ပူတင်ကို ဖမ်းဆီးတာကို စစ်ကြေညာမှုအဖြစ် ရုရှားနိုင်ငံက ရှုမြင်လိမ့်မယ်လို့ သမ္မတ ရာမာဖိုဆာက သတိပေးခဲ့ပါတယ်။

ကိုးကား – BBC
Ref; Ukraine calls on Mongolia to arrest Putin ahead of visit

#Ayeyarwaddy_Times