
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက လူနေအိမ်သုံးလုံးကို အကြမ်းဖက်မှုအားပေးသည်ဟုဆိုကာသြဂုတ်လ ၃၁ရက်နေ့ က လိုက်လံချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“PDFတွေကိုထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲခံရပြီး အမှုဖွင့်လို့ရှောင်တိမ်းနေရတာ မမိတော့ အိမ်ကိုပါ လာပိတ်တာ”ဟုဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောသည်။
ချိတ်ပိတ်ခံရသူများမှာ လပွတ္တာမြို့တွင်နေထိုင်သော ဦးလေး၀င်း ၊ဦးခင်ဇော်နှင့်ကိုထက်မြတ်စိုးတို့၏ နေအိမ်များဖြစ်ပြီး လက်ရှိတွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့်တရားစွဲဆိုထားကာ လက်ရှိနေထိုင်နေသော မိသားစုဝင်အားလုံးကို ဖယ်ရှားခိုင်းကြောင်း ဒေသခံများထံမှသိရသည်။
လပွတ္တာမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့သည့်အတွက် တိမ်းရှောင်နေရသော ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီသည်ဟုစွပ်စွဲ ထားသူများ၏ နေအိမ် စုစုပေါင်း ၃၀ကျော်ကိုစစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားကြောင်း ဒေသခံများထံမှသိရသည်။
#လပွတ္တာမြို့နယ် #စစ်ကောင်စီ #နေအိမ်၃လုံး #တစ်ရက်တည်းချိတ်ပိတ် #Ayeyarwaddy_Times