
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
လာအိုနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံ၊ ချင်း ရိုင်သို့ ထွက်ပြေးသွားခဲ့တယ်လို့ နယ်စပ် လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
လာအိုနဲ့ တရုတ်အာဏာပိုင်တွေက လာအိုနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် စီး ပွားရေးလုပ်ငန်းတွေကို အရှိန်မြှင့်ပြီး ဖြိုခွင်းလာတာကြောင့်ဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
အင်္ဂါနေ့က အသက် ၃၄ နှစ်အရွယ် Yian Tian နဲ့ Huang Xiang ဆိုသူ တရုတ်နိုင်ငံသားနှစ်ဉီးကို မဲခေါင်မြစ်ကိုဖြတ်ပြီး ချင်းရိုင်ခရိုင်ထဲ ဝင်ရောက်လာလို့ ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးကာ တရားမ ဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ခဲ့တာလို့ ယင်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဟာ ဩဂုတ်လ ၂၁ ရက်က ချင်းရိုင်ခရိုင်မှ မဲဆောက်သို့ ကားနှစ်စင်းနဲ့ တရုတ်လူမျိုး ၇ ယောက်ကို ပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ ဉီးကို တရုတ်လူမျိုး ၇ ဦးနဲ့အ တူ ဖမ်းဆီးမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ကားနှစ်စင်းကို ရှာဖွေရာမှာ မိုဘိုင်းဖုန်း ၂၁၅ လုံး၊ လက်တော့တွေနဲ့ ဆင်းကတ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်ရှိ ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်းရှိ ရာနဲ့ချီသော ရာဇဝတ် ဂိုဏ်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို လာအိုနဲ့ တရုတ်အာဏာပိုင်တွေက ဖြိုခွင်းခဲ့တယ်လို့ သတင်းရင်း မြစ်က ဆိုပါတယ်။
ကျားဖြန့်သံသယရှိသူ ၁၃၉၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၂၁၁ ဦးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ၁၄၅ ဦးက ဗီယက်နမ်နိုင်ငံသားတွေဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
လာအိုနဲ့ တရုတ်အာဏာပိုင်တွေရဲ့ ဩဂုတ်လ ၉ ရက်မှ ၂၇ ရက်အတွင်း ကျားဖြန့်လုပ်ငန်းတွေ ကို နှိမ်နင်းမှုအတွင်း တရုတ်နဲ့ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရာ ဟိုတယ်အားလုံးမှာ အခန်းလွတ်မရှိအောင် ပြည့်သွားခဲ့တယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းအများစုဟာ မြန်မာနဲ့ ကမ္ဘောဒီးယားသို့ လုပ်ငန်းတွေ ရွှေ့ပြောင်းခဲ့တယ် လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Scammers flee to Chiang Rai
#Ayeyarwaddy_Times