
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
အနောက်နိုင်ငံတွေ လှူဒါန်းထားတဲ့ F16 ဂျက်တိုက်လေယာဉ်တစ်စင်း တိုက်ခိုက်ရေးမစ်ရှင်တစ် ခုအတွင်း ပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ယူကရိန်းစစ်တပ်က F16 ဂျက်တိုက်လေယာဉ်တွေ စတင်လက်ခံပြီးနောက်ပိုင်း လေယာဉ်ပျက် ကျမှုအကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့တာပါ။
ရုရှားဒုံးကျည်တိုက်ခိုက်မှုကို တန်ပြန်နေတဲ့ F16 ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ အဆက်အ သွယ် ပြတ်တောက်သွားခဲ့တယ်လို့ ယူကရိန်းစစ်ဉီးစီးချုပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ F16 ဂျက်တိုက်လေယာဉ်ဟာ ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ ယူကရိန်း စစ်ဉီးစီးချုပ်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါဂျက်တိုက်လေယာဉ်ဟာ ရန်သူရဲ့ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တာလို့ အစောပိုင်းသတင်း တွေက ညွှန်ပြခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး The Wall Street ဂျာနယ်က ဖော် ပြခဲ့ပါတယ်။
အတွေ့အကြုံမရှိသော F16 ဂျက်တိုက်လေယာဉ်မှူးတွေကို တိုက်ခိုက်ရေးအတွက် စေလွှတ်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အနည်းငယ်သော F16 ဂျက်တိုက်လေယာဉ်တွေအနက် တစ်စင်းကို ဆုံးရှုံးရ တာဟာ ယူကရိန်းအတွက် အဓိက ထိုးနှက်ချက်တစ်ခုလို့ The Wall Street ဂျာနယ်က ဆိုပါတယ်။
ယူကရိန်းက အနောက်နိုင်ငံတွေသို့ F16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ကြဖို့ တောင်းဆိုခဲ့ ပြီး ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အဆိုပါတိုက်လေယာဉ်တွေ မရှိမဖြစ် လိုအပ်တယ်လို့ ပြောပါ တယ်။
ဩဂုတ်လ ၄ ရက်မှာ F16 ဂျက်တိုက်လေယာဉ်တွေ ရောက်ရှိလာမှုကို ယူကရိန်းသမ္မတ ဇီလန်စ ကီးက အတည်ပြုခဲ့ပြီး ရုရှားတိုက်ခိုက်မှုတွေကို တွန်းလှန်ရာမှာ အဆိုပါဂျက်တိုက်လေယာဉ်တွေကို အ သုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Ukrainian F16 fighter jet crashes during combat mission, killing pilot
#Ayeyarwaddy_Times