
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှ စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရသည့် လူငယ်ငါးဥဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလူငယ်များသည် စစ်မှုထမ်းရန် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်ကောင်စီမှ အရပ်၀တ်များ အိမ်စီးကားများအသုံးပြုကာ ဆွဲခေါ်ဖမ်းဆီးသွားခြင်းကို ခံရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။
“ရွာကို အိမ်စီးကားအဖြူနဲ့ လာပြီး အလုပ်ကိစ္စပြောစရာရှိလို့ပါဆိုပြီး အိမ်လိုက်ပြခိုင်းတယ်။ ကောင်လေးက ခြံထဲမှာမြေတူးနေတာ အတင်း၀င်ဆွဲသွားတာ။ မိဘတွေက ဘာဖြစ်လို့ဖမ်းမှန်းမသိဘူး သုံးရက်လောက်ကြာမှ စစ်တပ်ထဲကို အ၀တ်အစားတွေပို့ခိုင်းတယ်”ဟုပုသိမ်မြို့မှစစ်မှုထမ်းရန် အတင်းအဓ္ဓမ ခေါ်ဆောင်ခြင်း ခံရသောလူငယ်တစ်ဦး၏ မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပုသိမ်မြို့ပေါ်ရှိအမှတ်(၁၃)ရပ်ကွက် ဥမ္မာဒန္တီလမ်းမှလူငယ်တစ်ဦး၊အမှတ်(၁၀)ရပ်ကွက်မှလူငယ်တစ်ဦး၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုသရက်ကုန်းကျေးရွာမှလူငယ်တစ်ဦး၊ ရွာသစ်ကျေးရွာနေ အထည်ချုပ်မှ ပြန်လာသည့်လူငယ်တစ်ဦးနှင့် တောင်တန်းကုန်းကျေးရွာမှလူငယ်တစ်ဦးစုစုပေါင်း ငါးဦးကို အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (၄၂၄)တပ်နင့် လစရ(၁၀)တပ်တို့တွင်ပို့ဆောင်ထားကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ သင်တန်း အပါတ်စဥ်(၄)အတွက် မြို့နယ်အုပ်ချုပ်ရေးမှ ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်များကို ခေါ်ယူရာတွင် တိမ်းရှောင်လာသူများသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဖိအားပေးမှုများ ပြုလုပ်လာသောကြောင့် ယခုကဲ့သို့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ် လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုသည်။
#ပုသိမ်မြို့နယ် #စစ်မှုထမ်းရန် #အတင်းအဓမ္မ #ခေါ်ဆောင်ခံရသူ #လူငယ်၅ဦးထိရှိ #Ayeyarwaddy_Times