ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်း ရေး ကြိုးပမ်းဖို့ တိုက်တွန်းကာ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချပြီး တရားမ ဝင် စစ်လက်နက် လွှဲပြောင်းပေးမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝှမ်း အ ကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ် စိုးရိမ်မိကြောင်း ဆုံးဖြတ်ချက်မူကြမ်းက ဖော်ပြပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းက လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ရဖို့ တောင်းဆိုပြီး လူသားချင်းစာနာမှု အခြေအနေနဲ့ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ဖြစ်စေခဲ့ တဲ့ စာနာမှုအကူအညီအပေါ် ကန့်သတ်ချက်တွေအပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေဟာ ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးအခြေခံ အကြမ်းဖက်မှု၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေ ချိုးဖောက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပဋိပက္ခနဲ့ဆက်စပ်သော လိင်အ ကြမ်းဖက်မှုတွေကို ပိုဆိုးစေခဲ့တယ်လို့ အဆိုပြု ဆုံးဖြတ်ချက်မူကြမ်းက သတိပေးပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်မှတစ်ဆင့် သက် ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ချက်မူကြမ်းက တောင်းဆိုထားပါတယ်။

မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော အဖြေတစ်ခုရှာရေ သက် ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အလွန်ကီယို ကစ်တီခွန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ခ်တို့ကို ဆုံးဖြတ် ချက်မူကြမ်းက တိုက်တွန်းပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ထိန်း သိမ်းထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဆုံး ဖြတ်ချက်ကို အပြည့်အဝ ဖော်ဆောင်ဖို့လည်း ဆုံးဖြတ်ချက်မူကြမ်းက တောင်းဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုနဲ့ ပြန်လည်သင့်မြတ်ရေး ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်မူကြမ်းက အတိုက်အခံအဖွဲ့အစည်းတွေကို တောင်းဆိုပြီး လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ တရားဉပဒေစိုး မိုးရေးကို လေးစားသမှုရှိဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။

ကိုးကား – AP
Ref; Proposed UN resolution on Myanmar condemns military attacks on civilians

#Ayeyarwaddy_Times